ကိုရီးယားမှာရောက်နေတဲ့ မြန်မာမလေးတစ်ယောက်ကတော့ မေမြတ်နိုးဆိုတဲ့ သူမလေးပါပဲ။ အမှတ်တမဲ့ကြည့်လိုက်ရင်တော့ အရမ်းလှတဲ့ ကိုရီးယားမလေး တစ်ယောက် လို့ ထင်မိမှာအမှန်ပါပဲ။ ကိုရီးယားက မြန်မာမလေးတော့ မြန်မာပြည်ကြီးကို စိတ်ထဲကမှန်းပြီး လွမ်းနေပါတယ် ဒါကြောင့် New Year အမှီပြန်လာမယ်လို့ ဆိုပါတယ်။ ပို့စ်အမျိုးမျိုးနဲ့ ချစ်ဖို့ကောင်းတဲ့သူမပုံလေးတွေကို ပရိသတ်ကြီးအတွက် စုစည်းထားပါတယ်။

ခန္ဓာကိုယ်အလှပြနေတဲ့ မော်ဒယ်တွေထဲတော့ သူမက တမူခြားနားစွာ ကွဲထွက်နေသူပါ။ အမြဲလိုလို စမတ်ကျကာ ဆွဲဆောင်မှုရှိတဲ့ ဝတ်စုံတွေနဲ့သာ မြင်တွေ့ရလေ့ရှိပါတယ်။ ဒါကလည်း သူမရဲ့ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ အချက်ထဲမှာ ပါဝင်ပါတယ်။ ငယ်ရွယ်ကာထက်မြက်လွန်းသူ တစ်ယောက်ဖြစ်တောကြောင့် Miss Asia Pacific World 2014 ဆုကိုသိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ မော်ဒယ်ရှိုးပွဲများတော့ သူမက မပါမဖြစ်တဲ့ စူပါမော်ဒယ် တစ်ယောက်ပါပဲ။ မော်ဒယ်အပိုင်းအပြင် အဆိုပိုင်းလဲရပါသေးတယ်။ အိပ်မက်စုံရာ အစီအစဉ်ကနေ အဆိုပိုင်းကိုစတင်ခဲ့သူလည်း ဖြစ်ပြီး Clear Myanmar ရဲ့ Brand Ambassador တစ်ယောက်လဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်အပိုင်းမှာ သူမကိုမြင်တွေ့ရတော့မှာမို့ မေမြတ်နိုးကိုချစ်တဲ့ ပရိသတ်ကြီးအတွက် သတင်းကောင်းပါး လိုက်ပါတယ်။

Source – May Myat Noe FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။