တန်ဖိုး ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးနေတဲ့ ရုပ်ရှင်မင်းသမီးခင်ဇာခြည်ကျော်ဟာ အခုခေတ်မင်းသမီးတွေနီးပါး နုပျိုလှပနေဆဲဖြစ်ပါတယ်။

သားသမီးနှစ်ယောက်ရဲ့ မေမေဖြစ်သူ Single Mother ခင်ဇာခြည်ကျော်ဟာ သားကြီးဖြစ်သူ ဘုန်းမင်းနေလက သူမရဲ့ ရှုတင်ကိုလာလည်တဲ့အတွက် သားနဲ့အမှတ်တရပုံလေးတွေကို သူမရဲ့ ဖေ့ဘုတ်မှာ မျှဝေထားပါတယ်။

သားအမိနှစ်ယောက်အတူတူရိုက်ထားတဲ့ပုံလေးတွေနဲ့အတူ တန်ဖိုးရုပ်ရှင်ကားကြီး ရှုတင် သားတော်မောင်လေ့လာ ဆိုပြီး ရေးသားထားပါတယ်။

နိုင်ငံကျော်မင်းသမီးဖြစ်တဲ့ ခင်ဇာခြည်ကျော်ဟာ အကြောင်းကိစ္စအချို့ကြောင့် အနုပညာလောကနဲ့ ခနတာကင်းကွာသွားပေမယ့် လက်ရှိမှာတော့ ဇာတ်ကားတွေလည်း ဆက်တိုက် ပြန်ရိုက်ကူးနေပြီဖြစ်ပါတယ်။

သူမဟာ တစ်ခေတ်တစ်ခါက နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်သလို သရုပ်ဆောင်ပိုင်းမှာ အပိုအလိုမရှိအောင် ကျွမ်းကျင်ပိုင်နိုုင်သူဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အကယ်ဒမီဆုတွေ ဆွတ်ခူးထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

ပရိသတ်အချစ်တော် မင်းသမီးချောမဇာလေး ကတော့ ဆယ်ကျော်သက်အရွယ်သားကြီးသမီးကြီးတွေရှိနေပမယ့်လည်း သားသမီးတွေနဲ့အတူယှဉ်လိုက်ရင် မောင်နှမတွေလို့ထင်ရလောက်အောင် နုပျိုနေတာကတော့ ဆွဲဆောင်မှုတစ်ခုပါပဲ။

သားသမီးနှစ်ယောက်ကို မျက်နှာမငယ်အောင် ကြိုးစားပြီး ပြုစုပျိုးထောင်ပေးနေတဲ့ မိခင်တစ်ယောက်ဖြစ်သလို အနုပညာလောကမှာ နာမည်ပျက်မရှိပဲ အကောင်းဆုံးကြိုးစားခဲ့တဲ့ မင်းသမီးတစ်လက်အဖြစ် ယနေ့ထိ ရပ်တည်နေဆဲပါပဲ။

သားဖြစ်သူဟာ ရံဖန်ရံခါမှာ ကြော်ငြာတစ်ချို့ရိုက်ကူးဖူးပြီး အမေဖြစ်သူရဲ့ ရှုတင်ကို လာပြီးလေ့လာသင်ယူတဲ့ပုံပါပဲ ပရိသတ်ကြီးရေ။

ခင်ဇာခြည်ကျော်ရဲ့ သားလေးချောတယ်နော်။ မဇာလေးရဲ့ ပရိသတ်တွေရှိလား။  

Source : Khinzarchikyaw zarlay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။