မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အဆိုတော် ရှာကီရာကတော့ ၀ါကာဝါကာ ဆိုတဲ့ ကမ္ဘာ့ဖလားသီချင်းနဲ့အတူ အောင်မြင်မှုသရဖူဆောင်းခဲ့သူဖြစ်ပါတယ်။

အဲ့ဒီသီချင်းလေးနဲ့ ကမ္ဘာကျော်လူကြိုက်များခဲ့တဲ့ ရှာကီရာ ဟာ သီချင်းသီဆိုရာမှာ ပါဖောမန့် အပြည့်နဲ့ သီဆိုဖျော်ဖြေနိုင်တာကြောင့် ပရိသတ်အင်အားများသူဖြစ်ပါတယ်။

ကိုလံဘီယာအဆိုတော် ရှာကီရာဟာ အသံပိုင်း ဆိုင်ရာ ပြဿနာကြောင့် သူမရဲ့ ကမ္ဘာလှည့်ဂီတခရီးစဉ်ကို ၂၀၁၈ ဇွန်လမှသာ ပြန်လည်ဖျော်ဖြေမှာဖြစ်တယ်လို့ပြောပါတယ်။

EL Dorado World Tour ကမ္ဘာလှည့်ဂီတ ခရီးစဉ်ကို ယခု နှစ် နိုဝင်ဘာတွင် စတင်ဖျော်ဖြေ ရန် ကြေညာခဲ့ပေမယ့်လည်း ရှာကီရာဟာ အသံပိုင်းဆိုင်ရာ ပြဿနာပေါ် ပေါက်လာသောကြောင့် ယင်း ဖျော်ဖြေပွဲများကို လက်ရှိအချိန်အထိ ရပ်နားထားရတာဖြစ်ပါတယ်။

သူမရဲ့ အသံပိုင်းဆိုင်ရာ ကျန်းမာရေး ပြန်လည်ကောင်းမွန် လာသည်အထိ အနားယူရမည် ဖြစ်သောကြောင့် ကမ္ဘာလှည့် ဂီတခရီးစဉ်ကို ၂၀၁၈ ဇွန်လ မှသာ ပြန်လည်ဖျော်ဖြေမည်ဟု ရှာကီရာက အင်စတာဂရမ်စာ မျက်နှာတွင် ရေးသာအသိပေးထားပါတယ်။

ရှာကီရာဟာ (၁၁) ခုမြောက် တေးအယ်လ်ဘမ် EL Dorado ကို ပရိုမိုးရှင်းပြုလုပ် တဲ့ အဆိုပါဂီတခရီးစဉ်တွင် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ အမေရိကန်နှင့် ကနေဒါ စသည့် နိုင်ငံများသို့ သွားရောက် ဖျော်ဖြေမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် (၄၀) အရွယ် ရှာကီရာ ဟာ သူမရဲ့ မြူးမြူးကြွကြွ သီချင်းလေးတွေကိုဖျော်ဖြေတိုင်း အကအလှတွေနဲ့ ကိုယ်တိုင်ကပြသီဆိုသူဖြစ်တာမို့ အကပိုင်းမှာ အရည်အချင်းရှိတဲ့ Dancer တစ်ယောက်ဖြစ်ပါတယ်။ Gerard Piqué ရဲ့ ဇနီးသည်ဖြစ််တဲ့ ရှာကီရာဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း နုပျိုလန်းဆန်းပြီး လှပနေတုန်းပါပဲ။ 

Source : just jared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။