ဇာတ်သဘင်လောကရဲ့ သမိုင်းတွင်ခဲ့တဲ့ သဘင်ပညာရှင် ဘဘရွှေမန်းတင်မောင်ရဲ့ မျိုးဆက်တွေဟာ ခုချိန်ထိ သဘင်လောကမှာ နာမည်ကောင်းနဲ့ရပ်တည်နေဆဲပါပဲ ။

ခုချိန်မှာဆို အငယ်ဆုံးမျိုးဆက်လေး ပူတူးဟာ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး မင်းသားအဖြစ် သူ့ရဲ့ ဖခင် တင်မောင်ဆန်းမင်းဝင်း ရဲ့ ဇာတ်ထဲမှာ ပရိတ်သတ်ကို ကပြဖျော်ဖြေနေပြီး သဘင်ပရိတ်သတ်ရဲ့ အသည်းနှလုံးမင်းသားလေး ဖြစ်နေပါပြီ ။ 

ဒီလို အစဉ်အဆက်သဘင်မျိုးဆက်တွေမို့ သူတို့တွေကို ပရိတ်သတ်ကလည်း ချစ်ခင်မြဲချစ်ခင်ပြီး အားပေးမြဲ အားပေးနေကြပါတယ် ။ ခုလည်း နှစ်သစ်ရောက်တော့မှာမို့ မင်းသားတင်မောင်ဆန်းမင်းဝင်းက မင်းသမီးချော လင်းဇာနည်ဇော်နဲ့ အတူ ပြက္ခဒိန်အလှပုံလေးတွေ ရိုက်ကူးဖြစ်ခဲ့တယ်လို့သိရှိရပါတယ် ။ တင်မောင်ဆန်းမင်းဝင်းရဲ့ အမာခံပရိတ်သတ် မုံရွာဆရာမိုးမိသားစုရဲ့ ဆေးကြော်ငြာ ပြက္ခဒိန်အတွက်ပါတဲ့ ။ 

ပုံတွေထဲမှာတော့ ကြက်သွေးရောင် ၀တ်စုံတွေနဲ့ ကျက်သရေရှိရှိတင့်တယ်နေတဲ့ သူတို့နှစ်ယောက်ကိုတွေ့မြင်ရသလို ဆရာမိုးရဲ့ မြေးလေးတွေနဲ့ပါ မိသားစုပုံစံလေး ပုံဖော်ရိုက်ကူးထားတာပါ ။ တင်မောင်ဆန်းမင်းဝင်းကလည်း ခန့်ငြားနေပြီး လင်းဇာနည်ဇော်ကလည်း အရမ်းလှနေပါတယ် ။ ပုံလေးတွေတောင် ဒီလောက်လှနေရင် တကယ် ပြက္ခဒိန်လေးသာထွက်လာရင်တော့ အတော်လှမှာပါပဲ ... သဘောကျတယ်ဆို ပြောသွားခဲ့နော် ပရိတ်သတ်ကြီးရေ ...  

သတင်းအရင်းမြစ် Lin Zar Ni Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။