မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူဟာမြန်မာမက်ဆီ

ဆိုပြီးထိုင်းမှာကျော်ကြားနေပါတယ်။Police Tero

အသင်းမှာကစားနေတဲ့သူဟာထိုင်းလိဂ်ရဲ့မြန်မာဘောလုံး

ပုံရိပ်တစ်ခုဆိုလည်းမမှားပါဘူး။မြန်မာကစားသမား

ဖြစ်ပေမယ့်Police Teroအသင်းမှာလည်းထိုင်းပရိသတ်

တွေကအောင်သူ့ကိုချစ်ကြပါတယ်။ဒီလိုမျိုးနှစ်သစ်ကူး

အခါသမယမှာအောင်သူဟာထိုင်းနဲ့မြန်မာပရိသတ်ကြီးကို

ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

အောင်သူဟာထိုင်းနဲ့မြန်မာပရိသတ်ကြီးကိုနှစ်သစ်မှာကျန်းမာချမ်းသာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

တစ်ဆက်တည်းဆိုသလိုအသင်းဖော်ထိုင်းကစားသမားတစ်ယောက်ကိုလည်းမြန်မာပရိသတ်ကြီးကိုမြန်မာလိုနှုတ်ဆက်တန်အောင်သင်ကြားပေးခဲ့ပါတယ်။ဒါ့အပြင်နှစ်သစ်မှာPolice Teroအသင်းရဲ့ပွဲတွေကိုလာအားပေးကြပါလို့ဖိတ်ခေါ်သွားခဲ့ပါတယ်။အောင်သူတစ်ယောက်စကားတွေတတ်နေလိုက်တာနော်။

Police Teroအသင်းကနှစ်သစ်ကူးကာလမှာကစားသမား

တွေကိုအားလပ်ရက်ပေးထားတာကြောင့်အောင်သူ

အိမ်ပြန်နားနေတယ်လို့သိရပါတယ်။ထိုင်းလိဂ်ကမကြာခင်

စတင်တော့မှာမို့်နှစ်သစ်ကူးအားလပ်ရက်ပြီးရင်တော့

အောင်သူလေ့ကျင့်ခန်းပြန်ဆင်းရမှာပါ။အောင်သူပရိသတ်ကြီးကိုနှစ်သစ်ဆုမွန်ကောင်းတောင်း

ပးသလိုပရိသတ်ကြီးကလည်းအောင်သူကိုနှစ်သစ်

ဆမြွန်ကောင်းပြန်တောင်းပေးကြရအောင်။

နှစ်သစ်မှာအောင်သူအကောင်းဆုံးခြေစွမ်းပြနိုင်ပါစေ..

Source-Police Tero

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။