ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား စီရော်နယ်ဒိုဟာ အသင်းဟောင်း မန်ယူကို ပြောင်းရွှေ့ခွင့်ရဖို့ ကြိုးစားနေတယ်လို့ သတင်းတွေထွက်နေတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးမယ်လို့ မကြာသေးခင်က ပြောကြားထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ လက်ရှိမှာ စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ မပျော်ဘူးလို့ သတင်းတွေက ဖော်ပြနေတာလည်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ စီရော်နယ်ဒိုဟာ တစ်ကိုယ်တော်ဆုဖလားတွေနဲ့ အသင်းလိုက် ဖလားတွေများစွာသိမ်းပိုက်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိလာလီဂါမှာ တော့ ပြိုင်ဘက်ဘာစီလိုနာအသင်းကို ရှုံးနိမ့်ထားခဲ့ပြီး အမှတ် ၁၄ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။မန်ယူအသင်းက စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူချင်တယ်ဆိုရင်တော့ စာချုပ်ဖျက်သိမ်းကြေး များစွာပေးပြီးခေါ်ယူရမှာလည်းဖြစ်ပါတယ်။

စီရော်နယ်ဒိုကတော့ အသင်းဟောင်းကို ပြန်ချင်တဲ့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဘောလုံးကစားသမားဘဝကနေ အနားယူခဲ့ရင်လည်း စီးပွားရေး လုပ်ငန်းတွေ လုပ်သွားဖို့ရှိတယ်လို့ အတိအလင်းပြောကြားထားတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ မြက်ခင်းစိမ်းတွေမှာပဲ ဆက်လက်ကစားပါအုံးမယ်လို့ ပြောခဲ့ပါသေးတယ်။စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဘယ်လိုဆက်ဖြစ်အုံးမှာလဲဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။

Source: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။