အက်သလက်တီကို အသင်းဟာ ကော်စတာကို ရာသီအစကတည်းက ချဲလ်ဆီးအသင်းကနေခေါ်ယူဖို့ သဘောတူညီမှုရရှိထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ ကစားသမားဝယ်ယူခွင့်ပြစ်ဒဏ် ကျခံထားရတဲ့ အက်သက်တီကို အသင်းနဲ့ တရားဝင် စာချူပ် ချူပ်ဆိုမထားရသေးတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ အက်သလက်တီကိုအသင်းနဲ့ တရားဝင်စာချူပ်ချုပ်ဆိုခဲ့ပြီလည်းဖြစ်ပါတယ်။ဒီယေကိုကော်စတာ အက်သလက်တီကိုအသင်းအတွက် ပြန်လည်ကစားခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အက်သလက်တီကို အသင်းမှာ ကျော်နံပါတ် ၁၈ ကို ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။အက်သလက်တီကို အသင်းရဲ့ တိုက်စစ်မှုး ဂရဇ်စမန်းဟာ အသင်းကနေထွက်ခွာဖို့ ရှိနေတာလည်းဖြစ်ပါတယ်။နည်းပြ ဆီမြွန်နီကတော့ ကော်စတာကို ခေါ်ယူထားတာကြောင့် ဂရဇ်စမန်းထွက်ခွာခဲ့ရင်တောင် တိုက်စစ်အတွက် အစားထိုးလို့ ရတာကြောင့် အနည်းငယ်စိတ်သက်သာရာ ရရှိမှာ သေချာပါတယ်။ကော်စတာဟာ အက်သလက်တီကိုအသင်းနဲ့ ပြန်လည်ပူပေါင်းနိုင်ခဲ့တဲ့ အတွက် ပျော်ရွင်နေတာလည်းဖြစ်ပါတယ်။

" ကျွန်တော်ကို့ ပြန်လည် ခေါ်ယူနိုင်ဖို့ အလေးအနက်ထားကြိုးပမ်းခဲ့တဲ့ အသင်းတာဝန်ရှိသူတွေကို ကျေးဇူးတင်လိုပါတယ် ။ ဒီစကားကို နှလုံးသားထဲကနေ ပြောတားပါ ၊ အရမ်းပဲ ကျေးဇူးတင်ပါတယ်ဗျာ '' လို့ ကော်စတာက ပြောကြားခဲ့ပါတယ်။ချဲလ်ဆီးအသင်းနဲ့ အတူဆုဖလားတွေရယူပေးနိုင်ခဲ့တဲ့ ကော်စတာကို တော့ ချဲလ်ဆီးပရိသတ်တွေလည်း မေ့မှာ မဟုတ်လောက်သေးပါဘူး။ကော်စတာ လာလီဂါမှာ ခြေစွမ်းတွေ ပြနိုင်အုံးမှာလားဆိုတာတော့ စောင့်ကြည့်သွားကြမယ်လို့ ထင်မြင်မိပါတယ်။

Source: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။