ညောင်ပင်ဆိပ်ရွာတွင် ကျောင်းအစ်မကြီး ဒေါ်စိန်ကြည်ကို

မသိသူ မရှိသလောက် ရှားပါးလှ၏ ။ ညောင်ပင်ဆိပ်ရွာမှာ တောင်

ကျောင်းနှင့် မြောက်ကျောင်း ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိသည်

...။ ရွာသူ ရွာသားများကတော့ အားသန်ရာ ကျောင်းသို့ သွားကြ

သည်...။ ဘုန်းကြီးကျောင်း ရှိလာပြီဆိုရင် အမာခံကျောင်းဒကာ ၊

ကျောင်းအစ်မ ကတော့ ရှိကြစမြဲ ။

တောင်ကျောင်းတွင် ဒေါ်လှရှင်က ကျောင်းအစ်မကြီးဟု

နာမည်ကျော်ကြားနေသလို မြောက်ကျောင်းတွင်လည်း ရွာသူဋ္ဌေး

မျက်နှာဖုံး ဖြစ်သူ ဒေါ်စိန်ကြည်လည်း အလိုလို အမာခံကျောင်း

အစ်မကြီး ဖြစ်လာလေသည်...။

ဒေါ်စိန်ကြည် အသက် ငါးဆယ်ကျော်လေပြီ ။ အသက်ငါး

ဆယ်ကျော်ဆိုပေမယ့် ခေါင်းပေါ်တွင် ဆံပင်ဆီအရွဲသားနှင့် ကိုယ့်

ကိုယ်ကိုယ် ပြုပြင်ဖီးလိမ်းနေထိုင်တတ်တာကြောင့် အရွယ်တင်

နုပျိုသည်ဟု ဆိုရပေမည်...။ မသိလျှင် လေးဆယ်ကျော် အပျိုကြီး

တစ်ဦး ဟု ထင်စရာရှိသည်...။ သို့သော် ...အပျိုကြီးတော့ မဟုတ်

ပေ ။သားနှစ်ယောက် သမီးနှစ်ယောက်ရှိပြီး ခင်ပွန်းဖြစ်သူက လွန်

ခဲ့ဆယ်နှစ်ကမှ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်၏...။

ဒေါ်စိန်ကြည် အခုလို ချမ်းသာလာတာ မိဘအမွေပစ္စည်းရ

ထားလို့ မဟုတ်...။ ကိုယ့်အစွမ်းကိုယ်စ ကြိုးစားအားထုတ်ရင်း

ကြီးပွားတိုးတက်လာခြင်းဖြစ်၏...။ ဒေါ်စိန်ကြည် အပျိုဘဝ ဆယ်တန်း အောင်ပြီးကတည်းက ကျောင်းဆက်မတက်တော့ဘဲ ရွာတွင် ကုန်စုံဆိုင်ကြီး ဖွင့်လေသည်...။ ကုန်စုံဆိုင်ကြီးက ရိုးရိုး

လေးဖွင့်တာ မဟုတ်ဘဲ ရွာတွင် လိုအပ်သမျှ အကုန်ရနိုင်သည့်

ဆိုင်ကြီး ဖြစ်၏...။ ဆိုင်ကြီး ဟု အလွယ်တကူ ခေါ်ကြသည်...။

ကုန်စုံဆိုင်ကြီး အထိုက်အလျောက် အောင်မြင်လာသော

အခါ ချဲဒိုင်ပါ ကိုင်လေသည်...။ ကံစမ်းထသည်ဟု ပြောရမလား

မသိ ။ လုပ်သမျှ အောင်မြင်လေ့ရှိ၏ ။ ထိုမှတစ်ဆင့် တဖြေးဖြေး

စီးပွားရေး တိုးချဲ့ကာ စပါး ပေါ်ချိန် ၊ ပဲပေါ်ချိန်များတွင် ကုန်များ

သိုလောင်ပြီး စျေးတက်သည့် အခါ ပြန်ရောင်းလေရာ ဒေါ်စိန်ကြည် ခြံထဲတွင် ဂိုဒေါင် ခုနှစ်လုံးခန့် ဖြစ်လာလေသည်...။ ထိုမျှ

နှင့် အားမရသေးဘဲ ရွာတွင် ရွှေ ငွေ အတိုးချစားလုပ်ငန်းပါ လုပ်

ကိုင်လေသည် ။

ဒေါ်စိန်ကြည်ကို မြို့ကဧည့်သည်များပင် အတော်သတ္တိ

ကောင်းသည့် အမျိုးသမီးတစ်ဦး ဟု လေးစားကြလေသည်...။

အချိန်တန် အိမ်ထောင်ကျတော့ သားသမီးများကို စည်းကမ်းကြီး

ကြီးဖြင့် ထိန်းကွပ်ထားခဲ့လေသည်...။ သားသမီးများ အရွယ်ရောက်လာသော အခါ ဒေါ်စိန်ကြည်က ကိုယ်ပိုင်စီးပွားရေး လုပ်

ကိုင်နိုင်ရန် သွန်သင်ဆုံးမ ပေးလေသည် ။ အရင်းအနှီးများကို လို

အပ်သလောက် ထုတ်ပေးလေသည်...။ စီးပွားရေး လုပ်ကိုင်တော့

မည်ဟု ဆုံးဖြတ်ထားပြီး အရင်းအနှီး ထုတ်ပေးသောအခါ ဒေါ်စိန်

ကြည်က

"ဒီမှာ ...နင်တို့ လိုအပ်သလောက် အရင်းအနှီး ထုတ်ပေး

ပြီးပြီနော်...ကိုယ့် ဉာဏ် ကိုယ့်အစွမ်းအစ ရှိသလို ဘဝကို တိုးတက်အောင် ကြိုးစားကြ...ငါ့ကို အားကိုးမနေနဲ့...အေး....ငါ

ထုတ်ပေးခဲ့တဲ့ အရင်းအနှီး ကုန်သွားလို့ ထပ်ပြီးရမလား ဆိုပြီး

ပြန်လာတောင်းဖို့ မကြံနဲ့...ငတ်ပြတ်ပြီး ပြန်လာလို့ကတော့ မြက်

ကျွေးခံရပြီမှတ်..."

ဟု ပြတ်ပြတ်သားသား ပြောထားခဲ့လေသည်...။

သားကြီးကတော့ မြို့ထဲ ဆိုင်တစ်ဆိုင်ထောင်ကာ အောင်

မြင်သော စီးပွားရေးသမားဖြစ်သွားခဲ့လေသည်...။ သားလတ်

ကတော့ သူ့အမေစကားကို မယုံကြည်ဖြစ်ပြီး အဝတ်တစ်ထည်

ဖြင့် ပြန်လာကာ အမေ့ဖြစ်သူ ဒေါ်စိန်ကြည်ကို အသနားခံလေ

သည်...။ ဒေါ်စိန်ကြည်ကတော့ သားသမီးဆိုပေမယ့် သနားလိမ့်

မယ် မထင်နဲ့...။ ပြောထားတဲ့အတိုင်း သားလတ်ကို မြက်ပုံချကျွေး

လေသည် ။ စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ အဲဒီလို ပြတ်သား

သည့် ဒေါ်စိန်ကြည်ပါ...။ သမီးနှစ်ယောက်ကလည်း သူတို့ မိခင်

ခြေရာကို မှီအောင်လိုက်နိုင်ပြီး သူတို့ လင်ယောကျ်ားများနှင့် ပျော်

ရွင်သော မိသားစုဘဝကို ဖန်တီးနိုင်ကြပြီး ဖြစ်၏...။ သားသမီးများ

အိမ်ထောင်ကျပြီးသောအခါ ဒေါ်စိန်ကြည် အနားတွင် မည်သူမျှ

မရှိတော့ချေ...။ သို့ပေမယ့် ...ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအား

ကောင်းသော ဒေါ်စိန်ကြည်တစ်ယောက် သူ့ဘဝနှင့်သူ ပျော်ရွင်

စွာပင် နေထိုင်တတ်ပြန်သည်...။ အနားတွင် လိုရ မယ်ရအဖြစ်

တူမလေးဖြစ်သူ ဆယ့်လေးဆယ့်ငါး အရွယ်ရှိ ဖြူဖြူ ဆိုသော

မိန်းကလေးကို ခေါ်ထားလေသည်...။ ဖြူဖြူကို ဒေါ်စိန်ကြည်က

စျေးတွက်နည်း ၊ ဝယ်နည်း ရောင်းနည်းတွေ သင်ကြားပေးပြီး သူ့

ဘဝလိုပင် ပုံသွင်းထားလေသည်...။

စီးပွားရေး ၊ ကြီးပွားရေး ၊ ချမ်းသာကြွယ်ဝရေး နောက်ကွယ်တွင် ဒေါ်စိန်ကြည်တွင် နာမည်ဆိုးတစ်ခု ကျော်ကြားလျက်

ရှိသည်...။ အဲဒါကတော့ ပြောပေါက်ဆိုပေါက် ကြမ်းတမ်းနေခြင်း

ဖြစ်၏...။ အထူးသဖြင့် ရွှေတိုး ငွေတိုး အတိုပေးချစားခြင်းလုပ်ငန်း

...။

တစ်နေ့ ...

ဒေါ်စိန်ကြည်ထံသို့ အမျိုးသမီးတစ်ဦး မျက်နှာငယ်လေးဖြင့်

ရောက်ရှိလာလေသည်...။

"အမေကြီးရယ်...ဒီတစ်လ အတိုးမဆပ်နိုင်တာ ခွင့်လွတ်

ပါ...နောက်လကျရင် ပေါင်းဆပ်ပါမယ်..."

"ညည်းတို့ ပြောလိုက်ရင် ဒီလိုချည်းဘဲ...ငါ့ကို လာပြီး

သနားခံ လုပ်ပြမနေနဲ့...ငါက မသနားတတ်ဘူး...ညည်တို့ ငါ့ဆီက

ပိုက်ဆံ ယူတုန်းက ဒီလိုမျက်နှာမျိုး မဟုတ်ပါဘူး...ငါနင့်ကို လစဉ်

လတိုင်း အတိုးပုံမှန် ဆပ်ဖို့ဘဲ ပြောနေတာလေ...ညည်းတို့ကိုက

ကတိ မတည်တာ...ငါ တစ်ခုဘဲ ပြောလိုက်မယ်...ဒီညနေ အတိုး

လာဆပ်နိုင်ရင်ဆပ်...မဆပ်နိုင်ရင် မနက်ဖြန်နေ့ကူးတာနဲ့ ညည်း

ဆွဲကြိုး ပြန်မရတော့ဘူးမှတ်..."

"မလုပ်ပါနဲ့ အမေကြီးရယ်...သမီးတို့ တကယ် အဆင်မပြေ

လို့ပါ...အဆင်ပြေရင် ဆက်ဆက်လာပေးပါ့မယ်..."

"ဒါတွေ ငါနားမလည်ဘူးအေ...ငါကတော့ ပြောထားတဲ့

စကားကို ပြန်မပြင်တတ်ဘူးဟဲ့..."

"ဒီတစ်ခါတော့ ခွင့်လွတ်ပေးပါ ...အမေကြီးရယ်..."

"ဒီတစ်ခါ ခွင့်လွတ်ရင် နောက်တစ်ခါ လာဦးမှာဘဲ...သွား

စမ်း...xxxxxxxxx"

ဆဲသံ ဆိုသံတွေ မွန်ထူသွားပြီး အမျိုးသမီးလေးက မျက်

ရည်စက်လက်နှင့် အိမ်ပြန်သွားလေသည်...။

ဒီလိုနဲ့ ညောင်ပင်ဆိပ်ရွာတွင် ဒေါ်စိန်ကြည်နှင့် အကြွေး

ကင်းသူ ရှားပါးလှပြီး လူတိုင်းနီးပါး အပြောအဆို လွတ်သူ နည်းပါး

လှပေသည်...။

*****

တစ်နေ့...

မြောက်ကျောင်းဆရာတော်က နွေရာသီရောက်တိုင်း ရေ

ဒုက္ခ ရောက်နေရသည့်အကြောင်း ကျောင်းဒကာ ၊ ကျောင်းအစ်မ

များကို အစည်းအဝေး ခေါ်၍ တိုင်ပင် ပြောဆိုလေသည်...။

တောင်ကျောင်းမှာတော့ ကျောင်းအစ်မကြီး ဒေါ်လှရှင်က

ကျောင်းတိုက်အတွက် ရေစင်ဆောက်လုပ်လှူဒါန်ပြီးတာ မကြာ

သေး...။ ရေကိစ္စတွင် တောင်ကျောင်းထက် မြောက်ကျောင်းက

ပို၍ ဒုက္ခရောက်ကြသည်...။ နွေရာသီရောက်ပြီဆိုလျှင် ဦးပဇင်း

ကိုရင် ကျောင်းသားများက ကျောင်းနှင့် တစ်မိုင်ခန့်ဝေးသော ရေ

တွင်းမှ ရေကို ပုံးဖြင့် သယ်ယူကြရသည်မှာ အလွန်ပင်ပန်းကြပါ

သည်...။ ဆရာတော်ကြီးက သည်ဒုက္ခ မကြည့်ရက်ဟန်တူပါသည်...။ ရေစင်ရှိလျှင် စက်မော်တာဖြင့် အသုံးပြုရင်း သည်

ရေသယ်နေရသည့် ဒုက္ခမှ ကင်းလွတ်ပါလိ်မ့်မည်...။

ဒီတော့ ဒီကိစ္စ ကျောင်းအစ်မကြီး အမည်ခံထားသော ဒေါ်

စိန်ကြည် ခေါင်းပေါ်သို့ တာဝန်ရောက်ရှိလာလေသည်...။

ဒေါ်စိန်ကြည်က အကင်းပါးစွာပင်

"တပည့်တော် တာဝန်ယူပါ့မယ်ဘုရား..."ဟု လျှောက်ကြား

လေသည်...။

သို့သော်...

ညရောက်တော့ ဒီကိစ္စနှင့် ပတ်သက်ပြီး ဒေါ်စိန်ကြည်မှာ

အိပ်မရတော့ချေ...။ ကုန်ကျစရိတ်မှာလည်း နည်းမှာ မဟုတ်ဟု

စျေးတွက် တွက်နေမိသည်...။

နောက်တစ်နေ့တွင် မြို့ပေါ်မှ သားကြီးကို ဖုန်းဆက်၍ ဒီ

အကြောင်းနှင့်ပတ်သက်ပြီး ရင်ဖွင့်ပြလေသည်...။ သားကြီးက

"အမေရယ်...ရေစင်တစ်ခု ဘယ်လောက်ကုန်မှာမို့လို့လဲ...

အမေရှာထားတဲ့ ပိုက်ဆံတွေက ဒီနေရာ အသုံးမပြုရင် ဘယ်နေရာ အသုံးပြုမလဲ...အမေတာဝန် မယူချင်ရင် သားတာဝန်ယူပါ

မယ်..." ဟု ပြန်တရားပြလေသည်...။ ဒီတော့မှ ဒေါ်စိန်ကြည်လည်း ဟင်းခနဲ သက်ပြင်းချပြီး

"အေးပါ သားရယ်...အမေဘဲ တာဝန်ယူပါမယ်..."ဟု

ပြန်ပြောလေသည်...။

မကြာခင်မှာပင် မြောက်ကျောင်းတွင် ရေစင်အသစ်တစ်ခု

တွေ့မြင်ရပြီး ရေစင်ဘေးတွင် ကျောင်းအစ်မကြီး ဒေါ်စိန်ကြည်

ကောင်းမှု ဟု စာလုံးကြီးထိုးထားသည်ကို တွေ့မြင်ရလေသည်...။

ဒီအလှူနှင့်ပတ်သက်ပြီး စိတ်စေတနာ ဖြူစင်ခြင်း ရှိ မရှိ ကျောင်း

အစ်မကြီး သားအမိသာ သိရလေသည်...။

*****

စီးပွားရေး ၊ ကြီးပွားရေးကိုသာ ဦးစားပေးခဲ့သော ဒေါ်စိန်

ကြည်တစ်ယောက် ကျန်းမာရေးကို မေ့လျော့နေဟန်တူပါသည်...။

အခုတစ်လော အာသီးရောင်ပြီး အနာရှိန်ကြောင့် လူပါဖျားသွား

လေသည်...။ သာမန်အဖျားရောဂါ ဟု ထင်ပြီး သားသမီး

များကို အကြောင်းမကြားခဲ့ပေ...။

သို့သော်...သေခြင်းတရားကို မည်သူမျှ အစိုးမရနိုင်မှန်း ဒေါ်စိန်ကြည် သဘောမပေါက်ခဲ့၍လား မသိပါ...။

အနားရှိန်ပြင်းထန်ပြီး မကြာခင်မှာပင် ဒေါ်စိန်ကြည်တစ်

ယောက် လူ့လောကကနေ အပြီးတိုင်ထွက်ခွာသွားရလေသည်...။

ဒေါ်စိန်ကြည် ဆုံးပါးသွားကြောင်း ရပ်ဝေးရှိ သားသမီးများ

မိတ်ဆွေ သင်္ဂဟများကို စောင့်ဆိုင်းရန်အတွက် အသုဘကို သုံး

ရက် ထားကြလေသည်...။ အသုဘအလောင်းစောင့်အဖြစ် ရွာက

ကာလသားတွေ တာဝန်ယူကြလေသည်...။

ကာလသားတွေ ပြောကြားချက်အရ အသုဘအလောင်း

တွင် အပုပ်အနံ့အလွန်ထွက်ကြောင်း ...။ ညည ရောက်လျှင် ခွေးတွေက အသုဘအိမ်သို့ ဦးတည်ပြီး စူးစူးဝါးဝါး ထိုးဟောင်လေ့ရှိကြောင်း သတင်းကြီးလျက်ရှိနေကြသည်...။

သုံးရက်ပြည့်သောအခါ သားသမီး ဆွေမျိုးစုံလာပြီဖြစ်တဲ့

အတွက် အသုဘချရန် အိမ်တွင် တရားအရင်နာကြလေသည်...။

တရားနာနေစဉ်ကာလအတွင်း အသုဘအလောင်းထံမှ အပုပ်အနံ့ကြီး

အလွန်ထွက်နေသဖြင့် ဆရာတော်သံဃာတော်များပင်

ယပ်တောင်ကွယ်၍ နှာခေါင်းပိတ်ရသည့်အထိ ဖြစ်ရလေသည်...။

တစ်ခါ အသုဘအလောင်းပတ်ဝန်းကျင်၍ ယင်ကောင်တွေ အုံခဲ

နေသဖြင့် လူအများက ဝေးဝေးရှောင်ကြလေသည်...။

တရားနာ ရေစက်ချလို့အပြီး အလောင်းကို သုဿာန်သို့

သယ်ပို့ကြလေရာ အလောင်းသယ်သွားသည့် လမ်းအတိုင်း အပုပ်

အနံ့တစ်ထောင်းထောင်းလိုက်ပါလျက် ရှိနေသည်...။ အရက်မူး

သမားတွေ ကူညီပေးသဖြင့် တော်သေးသည်ဟု ဆိုရပေမည်....။

သုဿာန်ရောက်တော့ အလောင်းမြေမြုပ်မည့် တွင်းသို့

ရောက်ရှိလာလေရာ ဘုန်းတော်ကြီးများက သရဏဂုံတင်ပေးပြီး

မြေမြုပ်မည့် အစီအစဉ်ပြုလုပ်ကြလေသည်...။

သုဘရာဇာကြီးက အခေါင်းဖွင့်လိုက်လေရာ စိတ်ဝင်စား

ကြည့်မိသူတိုင်း "ဟင်....ဟာ...."တွေဖြစ်ကြလေသည်...။ မြင်

ကွင်းကြောင့် ကြက်သီဖျန်းဖျန်းထ၍ ကြောချမ်းစဖွယ်...။

သေဆုံးပြီး သုံးရက်သာရှိသေးသော ကျောင်းအစ်မကြီး

ဒေါ်စိန်ကြည်အလောင်း ပါးစပ်တွင် လောက်ကောင် တဖွားဖွား

လှုပ်စိ လှုပ်စိနှင့်...။ဘုရား...ဘုရား...။ အနံ့ကလည်း ဆိုးဝါး ပုပ်အဲ့

နေသဖြင့် အခေါင်းဖွင့်၍ မကြာခင်မှာပင် ယင်ကောင်တွေ ပြေးလာ

အုံခဲနေကြလေသည်...။

သုဘရာဇာကြီးက အခြေအနေရိပ်မိပြီး အလောင်းကို အမြန်ပင် မြေမြုပ်လိုက်လေသည်...။ သူတစ်ပါးကို နှုတ်ကြမ်း အာ

ကြမ်းဖြင့် ဆက်ဆံခဲ့သဖြင့် သေသွားတာတောင်မှ ရုပ်ပျက်ဆင်း

ပျက် သေဆုံးရကြောင်း လူကြီးတွေက ပြောပြကြလေသည်...။ ထိုအလောင်းကောင်ကို

မြင်တွေ့လိုက်ရသော သူများက စားမဝင် အိပ်မ

ပျော်ကြတော့ ဟု ပြောဆိုကြပါသည် ။

*****

ဖြစ်ရပ်က သည်မှာပင် ရပ်တန့်မနေသေးပါ...။အသုဘချပြီး

နောက်ရက်မှာပင် သားလတ်က ပြန်သွားပြီး ရက်လည်တဲ့နေ့မှ

ပြန်လာမည်ဟု ပြောလေသည်...။ သမီးတွေကတော့ အနီးအနား

မှာပင် နေကြသည့်အတွက် ညအိပ်လျှင် သူတို့အိမ် သူတို့ ပြန်

သွားကြပါသည်...။ မြို့တွင်းမှ ရောက်လာသည့် သားကြီး မိသားစု

ကတော့ သည်အိမ်မှာပင် နေထိုင်ကြလေသည်...။

ဒေါ်စိန်ကြည် ရက်လည်ရန်အတွက် သားကြီးဖြစ်သူက ဦး

ဆောင်တာဝန်ယူရလေရာ မိသားစုလိုက် အိမ်မှာပင် နေထိုင်ရလေသည်...။ သားကြီးမိန်းမနှင့်သမီးက ဖြူဖြူနှင့်အတူ အိပ်ရပြီး သားကြီးက အပြင် ဟောလ်ခန်းတွင် အိပ်ရသည်...။

ပထမညတော့ အားလုံးပင်ပန်းနေကြသည့်အတွက် ဘာမှ

သတိမထားမိကြချေ...။

ဒုတိယည...

ည ဘယ်အချိန်ရှိမှန်း မသိရချေ...။ ဖြူဖြူသည် အသံတစ်ခု

ခု ကြားမိသလို ဖြစ်နေတာကြောင့် ဖြတ်ခနဲ လန့်နိုးမိလေသည်...။

ခန္ဓာကိုယ်မလှုပ်ရှားဘဲ အသာလေး နားစွင့်လိုက်လေသည်...။

"ရှပ်....ရှပ်....ရှပ်"

ပထမ လှေခါးကနေ တစ်စုံတစ်ယောက်က တက်လာသည့် ခြေသံမှန်း သတိထားမိလေသည်...။ ဦးလေး ဟောက်သံကြားနေရသဖြင့် ဦးလေးတော့ မဖြစ်နိုင်မှန်း နားလည်ပါသည်..။

ဒါဆို ဘယ်သူဖြစ်မလဲ...။ တံခါးလည်း ပိတ်ထားနေတာဘဲ...။ ညကလည်း မှောင်မည်း

သိပ်သည်းနေသည် ။

ရှပ်...ရှပ်.....ရှပ်...

ခြေသံက တဖြေးဖြေးနှင့် မီးဖိုဆောင်ဖက် ဦးတည်သွားနေ

လေသည်...။ အမေကြီးများလား...ဟု တွေးမိရင်း ဖြူဖြူ ကြက်သီး

ဖျန်းခနဲ တစ်ချက်ဖြစ်သွားလေသည်...။ ဖြူဖြူ ဦးလေးမိန်းမကို

လှုပ်နိုးကြည့်လေသည်...။ ဦးလေးမိန်းမက ပြန်လက်ကုတ်ပြလေ

သည်...။ သူလည်းနိုးနေသည်...ဆိုသည့်သဘော...။

မကြာပါချေ...မီးဖိုဆောင်တွင် အိုးအဖုံးဖွင့်သံတွေ ကြားနေ

ရသည်...။ သူခိုးများလား...ဟု တွေးမိပြန်သည်...။

"အစ်မ...အိမ်ကို သူခိုးတက်လာတာလား..."

ဟု တိုးတိုးလေး မေးကြည့်လေသည်...။

"အေး...ငါတို့သွားကြည့်ရင် ကောင်းမယ်...နင့်မှာ ဓာတ်မီး

ရှိတယ် မဟုတ်လား..."

"ရှိတယ် အစ်မ..."

"ဓာတ်မီးနဲ့ အရင်ထိုးကြည့်...."

အိပ်ခန်းနှင့် မီးဖိုဆောင်က နီးနေသည့်အတွက် အိပ်ရာက

နေ မီးဖိုဆောင်ဘက်သို့ လှမ်း၍ ဓာတ်မီးထိုးကြည့်လိုက်လေသည်

...။ သက်ရှိဆိုလို့ တစ်စုံတစ်ယောက်မျှ မတွေ့မိချေ...။ ညကတော့ တိတ်ဆိတ်ငြိမ်သက်လျက်...။

ထိုစဉ် ...ရုတ်တရက် အပုပ်အနံ့ထောင်းခနဲ တစ်ချက်ထွက်လာလေသည်...။ ဟင်...ဒါ အမေကြီး အသုဘချတုန်းက

အပုပ်အနံ့ကြီး...။

"အစ်မ...အနံ့တစ်ချက် ရလား..."

"အေ...လူသေပုပ် အနံ့ကြီး..."

ဖြူဖြူ စိတ်လှုပ်ရှား ကြောက်ရွံ့လာပြီး အိမ်အခြေအနေကို

ဓာတ်မီး ဖြင့် လှမ်းထိုးကြည့်လေသည်...။ ဦးလေးမိန်းမကလည်း

ဖြူဖြူနှင့်အတူ အကဲခတ်ကြည့်လေသည်...။


အခန်းထောင့်နေရာတွင် တစ်စုံတစ်ယောက်ကို တွေ့မြင်

မိသလို ဖြစ်နေတာကြောင့် ထိုနေရာသို့ ဓာတ်မီးလှမ်းထိုးကြည့်

လေသည်...။

"အမလေး..."

တိတ်ဆိတ်သော ညအချိန်တွင် မိန်းကလေးနှစ်ယောက်

အော်သံက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်ပျံ့နှံ့သွားလေသည်..။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဖြူဖြူနှင့် အစ်မ စောင်ခေါင်းမြီး

ခြုံ ကုတ်သွားရတော့သည်...။

ဖြူဖြူနှင့် အစ်မ အော်သံကြောင့် ဦးလေးက နိုးလာပြီး

"ဘာဖြစ်နေကြသလဲ..." မေးလေသည်...။

မကြာခင်မှာပင် အိမ်နီးချင်း လူကြီးတစ်ချို့ပါ ရောက်ရှိလာ

ကြပြီး အခြေအနေကို မေးမြန်းကြလေသည်...။ကြောက်ရွံ့သည့်

စိတ်ကြောင့် ချက်ချင်း ပြန်မဖြေနိုင်ကြပေ...။အတော်ကြာမှ ဖြူဖြူ

က

"သမီးတို့ အိပ်ပျော်နေတုန်း ပထမအိမ်ပေါ်ကို တက်လာတဲ့

ခြေသံ အရင်ကြားရတယ်...နောက်တော့ မီးဖိုဆောင်ထဲ ဝင်သွား

တဲ့ အသံကြားရတယ်...သမီးတို့ မယုံသင်္ကာဖြစ်တာနဲ့ ဓာတ်မီးနဲ့

ထိုးကြည့်လိုက်တာ...အပုပ်အနံ့အရင်ထွက်လာတယ်...နောက်

တော့ ဟိုအခန်းထောင့်မှာ တစ်ခုခုမြင်လိုက်သလို ဖြစ်တာနဲ့ ဓာတ်

မီးနဲ့ ထိုးလိုက်တာ...အမလေး...အမေကြီးကို မြင်လိုက်ရတယ်...

ဆံပင်စုတ်ဖွား ၊ အရိုးပြိုင်းပြိုင်း နဲ့ အဝတ်အစားမပါဘူး...ပါးစပ်မှာ

လည်း လောက်ကောင်တွေ တဖွားဖွား...ပြောရင်းနဲ့ သမီးကြောက်

လာပြီ...ဟင့်...အမေကြီးက သရဲဖြစ်နေတာ...သမီး ကြောက်တယ်..."

ဟု ပြောရင်း တဟင့်ဟင့်နှင့် ငိုပါလေသည်...။ လူကြီးတွေက

မကြောက်ရန် အားပေးနှစ်သိမ့်ကြလေသည်...။

လူကြီးတွေက ဒီကိစ္စကြောင့် အလျင်အမြန်ပင် ရက်လည်

ပေးကြလေသည်...။သို့သော် ...အစွဲအလမ်းကြီးသော ဒေါ်စိန်

ကြည် ပြိတ္တာ သရဲမကြီးက ကျွတ်လွတ်ဟန်မတူပါ...။

အမွေဆိုင်ပစ္စည်းများကို သားသမီးတွေက ခွဲဝေကြလေရာ ဖြူဖြူအတွက်လည်း တစ်ပုံရရှိလေသည်...။ အိမ်ကြီးကိုလည်း

ဖြူဖြူအတွက် ပေးကြပါသည်...။

သို့သော် ...ဖြူဖြူက သူ့အဖွား ဒေါ်စိန်ကြည်ကို ကြောက်လန့်ပြီး မိဘများနှင့် ပြန်နေလေသည်...။ အိမ်ကြီးတွင် နေမည့်သူ

မရှိဖြစ်နေသည်...။ထို့အပြင် အိမ်အနီးနား နေထိုင်သည့် အိမ်နီးချင်းများက ညည ရောက်လျှင် အိမ်ကြီးတွင် တစ်စုံတစ်ယောက်

သောင်းကြမ်းနေသလို ဖြစ်နေကြောင်း ၊ အိုးခွက် ပန်းကန် ပစ်

ပေါက်သံတွေ ကြားနေရကြောင်း ပြောကြလေသည်...။ တစ်ခါတစ်လေ ထိုအိမ်ခြံ

ရှေ့ ဖြတ်လျှောက်မိလျှင် အိမ်ကြီး လှေခါးဝတွင်

ငုတ်တုတ်ကြီး ထိုင်နေသည့် ဒေါ်စိန်ကြည် သရဲ

မကြီးကို တွေ့မြင်ရကြောင်း ပြောကြလေသည် ။

ဒေါ်စိန်ကြည် သရဲမကြီး သူ့အိမ်တွင် သောင်းကြမ်းနေ

ကြောင်း သတင်းကြီးလေရာ သားကြီးဖြစ်သူ အလွန်ရှက်နေရလေ

သည်...။

အဲဒီနေ့...

သားကြီးဖြစ်သူက ပယောဂဆရာကြီး တစ်ဦးကို ပင့်ခေါ်၍

သူ့မိခင်ကြီး နေအိမ်သို့ ပြန်လာလေသည်...။ အိမ်သို့ရောက်ပြီး

မကြာခင်မှာပင် ပယောဂဆရာကြီးက ဖယောင်းတိုင်မီးထွန်း၍

အစီအစဉ် စလေသည်...။

ပယောဂဆရာကြီးက တပည့်တစ်ဦးကို အိမ်ထဲရှိ သရဲမကြီး

ဒေါ်စိန်ကြည်အဖြစ် ဝင်ပူးခိုင်းလေသည်...။ မကြာခင်မှာပင်

တပည့်လေး ခန္ဓာကိုယ်ချွေးပြန်ပြီး တုန်ခါလာလေသည်...။ စစ်

ကြည့်တော့ ဒေါ်စိန်ကြည် သရဲမကြီးမှန်း သိရလေသည်...။

"ခင်ဗျားကို...အလှူဒါနတွေ ပြုလုပ်ပေးနေပြီဘဲ...ဘာလို့

သာဓု မခေါ်တာလဲ..."

"ကျမ ...အမျှမလိုချင်ဘူး...ကျမရှာဖွေထားတဲ့ ပစ္စည်းဥစ္စာ

တွေကိုဘဲ လိုချင်တယ်...ဒီအိမ်က ကျမအိမ်...ဒီပစ္စည်းတွေက

ကျမပစ္စည်း...ဘယ်သူကိုမှ မပေးနိုင်ဘူး...ကျမပစ္စည်း ကျမ ပိုင်

တယ်..."

"အေး...အဲဒီလို အစွဲကြီးလို့ဘဲ ပြိတ္တာသရဲမကြီးဖြစ်နေပြီ...

ဒါတောင် နောင်တမရသေးဘူးလား...ခင်ဗျား ပိုင်တယ်ဆိုတဲ့

ဟောဒီ ပစ္စည်းတွေ...အခု ရောက်နေတဲ့ဘဝအထိ သယ်သွားလို့

ရလား...ယူသွားလို့ရလား...ဖြေစမ်း..."

သရဲမကြီးက ဘာမှ မပြောတော့ဘဲ ငြိမ်ကျသွားလေသည် ။

"ခင်ဗျား သတိထားလိုက်စမ်းပါ...တမလွန်ဘဝအထိ သယ်

သွားလို့ ရတယ်ဆိုလို့ ကုသိုလ်ကံ အကုသိုလ်ကံတွေဘဲ ရှိနေတာ

...လူ့ဘဝတုန်းက ကျောင်းအစ်မကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ထောက်ထားစမ်းပါ...ခင်ဗျားကြောင့် လူတွေ အထိန့်အလန့်ဖြစ်နေကြရ

တယ်...သားသမီးတွေက မျက်နှာငယ်နေရတယ်...အဲဒါတွေက

ခင်ဗျားရဲ့ အတ္တ ၊ ခင်ဗျားရဲ့အစွဲအလမ်းကြီးမားမှုတွေရဲ့ ပြစ်ချက်

ဘဲ...ခင်ဗျား သိပ်သတိထားဖို့ ကောင်းတယ်...ဒီထက် ဆက်မမိုက်ပါနဲ့တော့ လို့ ဆရာတောင်းဆိုချင်တယ်...ခင်ဗျားဘဝ ခင်

ဗျား သနားသင့်တယ်..."

ပယောဂဆရာကြီးသည် ကျောင်းအစ်မကြီး ဒေါ်စိန်ကြည်

တစ်ဖြစ်လဲ သရဲမကြီးကို နားဝင်အောင် အမျိုးမျိုး တရားချ ၊ ဟော

ပြော ပြသပေးလေသည်...။ ပယောဂဆရာနှင့်

နာနာဘာဝများမှာ ရေစက်ပါလာဟန်တူ၏ ။ရက်လည်တုန်းက သာဓုမခေါ်ခဲ့သော သရဲမကြီး ဒေါ်စိန်ကြည်သည် ပယောဂဆရာ၏

အမျိုးမျိုး နားချ ၊ ဟောပြောပြသသည်ကို နား

ထောင်နေရတော့သည် ။

နောက်ဆုံး နားဝင်သွားသလား မပြောတတ်ပါ...။ နောက်တစ်နေ့တွင် သားကြီးဖြစ်သူက သူ့မိခင်ကြီးအတွက် သီးသန့့်အလှူဒါနပြုလုပ်ပေးပြီး မြို့ပေါ်ပြန်သွားလေသည်...။

အဲဒီနောက်ပိုင်း အိမ်ကြီးတွင် ေ"ခြာက်လန့်သံ မကြားရတော့

ချေ...။ နောက်ပိုင်း ဖြူဖြူက ထိုအိမ်ကြီးကို ရောင်းထုတ်လိုက်လေ

ပြီး ပိုင်ရှင်က အိမ်ဟောင်းကို ဖြို၍ အိမ်အသစ်ဆောက်လုပ်လိုက်

လေရာ ကျောင်းအစ်မကြီး ဒေါ်စိန်ကြီးအကြောင်းလည်း မှေးမှိန်

ပျောက်ကွယ်သွားလေသည်...။

( ပြီး )

မင်းကံ စည်ဝင်း

source - ဓမ္မရေချမ်းစဉ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။