Huang Deming အမည်ရတဲ့ တရုတ်လယ်သမားတစ်ယောက်ဟာ ဒီနည်းလမ်းကို အသုံးပြုလာတာ လေးနှစ်ကျော်ကြာပါပြီ။ သူမွေးထားတဲ့ဝက်တွေဟာ ၁ဝပေအမြင့်ရှိတဲ့ နေရာကနေ ရေထဲခုန်ဆင်းပြီး ရေကူးရပါတယ်။ ဒါဟာဝက်တွေအတွက် လေ့ကျင့်ခန်းပါလို့ သူကပြောခဲ့ပါတယ်။

ဒီလို ဝက်တွေကို လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် အဆီတွေကျကာ အသားပိုကျစ်လာပြီးမှ စားလို့ကောင်းတာလို့ သူကအင်တာဗျူးသူတွေကို ဖြေကြားခဲ့ပါတယ်။ ဟူနန်ပြည်နယ်မှာနေထိုင်တဲ့ အဆိုပါလယ်သမားဟာ မနက်တိုင်း သူ့ဝက်တွေကို ရေကန်နားခေါ်လာပြီး ဒိုင်ဗင်ထိုးခိုင်းပါတယ်။ ဒေသခံတွေအတွက် မြင်နေကြဖြစ်ပေမယ့် သူအဲလိုလုပ်တာကို လာရောက်ကြည့်ရှုတဲ့ ကမ္ဘာလှည့်ခရီးသွားတွေတောင် ရှိခဲ့ပါတယ်။ 

ဒီအကြောင်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် အင်တာနက်အသုံးပြုသူတစ်ဦးကနေ အဆိုပါဝက်သားစားချင်တယ်လို့ပြောဆိုခဲ့ပြီး နောက်တစ်ဦးကတော့ " ဘဝကြီးဟာ နေထိုင်ဖို်ခက်ခဲပါတယ်။ ဝက်ဖြစ်တာတောင် ဒိုင်ဗင်ထိုးနည်းလေ့ကျင့်ရမယ်။ " လို့ စနောက်ခဲ့ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။