ဖခင်များသို့ အကြံပေးချက်

၁။ ဝန်ထမ်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အလုပ်ပဲဖြစ်ဖြစ်၊ ရုံးဆင်းတဲ့လမ်း၊ အလုပ်ဆင်းတဲ့လမ်း ဟာ အိမ်တည့်တည့်ပြန်တဲ့လမ်းကြောင်းဖြစ်ပါစေ။ အလုပ် ဘယ်လောက်ပဲများများ၊ သင်ဟာ ဖခင်ဖြစ်ပါတယ်။ ဖခင်ဆိုတာ ကလေးများရဲ့ မူမှန်ကြီးပြင်းမူအတွက် အရေးပါအရာရောက်ပါတယ်။ သင့်ရဲ့ မိသားစုနဲ့ အတူ ထ္မင်းလက်ဆုံ စားခြင်းဟာလည်း သင့်သားသမီးများ မိသားစု ပျော်ရွှင်မူကို ပိုမိုခံစားမိစေတတ်ပါတယ်။

၂။ မိဘများ နေ့တိုင်းကြိုးစားရင် ကလေးများ မှန်မှန် တိုးတက်ပါတယ်။ ပြသနာကလေး တော်တော်များများဟာ မိသားစုပြသနာကနေ အစပျိုးလေ့ ရှိပါတယ်။ ကောင်းမွန်တဲ့ မိဘများဟာ ကောင်းမွန်တဲ့ ကျောင်းများထက် အဆပေါင်းများစွာ တန်ဖိုးကြီးပါတယ်။ မိဘများဟာ ကလေးများရဲ့ အဓိက စံပြပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ ဖခင်ဖြစ်သူဟာ အမြဲ အိမ်မကပ်တတ်တာမို့ အတတ်နိုင်ဆုံး ကလေးများနဲ့ အတူနေပေးပါ။

၃။ ကလေးကို ဆုံးမဖို့ အဓိက သော့ချက်ကတော့ ကလေးကို နားလည်ဖို့ ပါ။ ကလေးနဲ့ ရင်ဖွင့်ဆက်ဆံနိင်တဲ့ နည်းလမ််းရှာတွေ့ထားပါစေ။ သင့်ကလေး အရွယ်အလိုက် စိတ်ပြောင်းလဲ နေတာကို သတိပြုမိသင့်ပါတယ်။ သူတို့လေးတွေ ဘာတွေကို တကယ် စဉ်းစားနေတာလဲဆိုတာကို မိဘများ တကယ်သိရင် ဆက်ဆံရတာ လွယ်ကူသွားပါပြီ။

၄။ မိဘမေတ္တာ ( သို့ ) မိဘ အချစ် ကို ကောင်းမွန်စွာ ကိုင်သွယ်တတ်အောင် လေ့လာထားသင့်ပါတယ်။ မိဘအချစ်နည်းရင် ကလေးကိုထိခိုက်တတ်သလို အချစ်လွန်သွားရင်လည်း အနစ်ဖြစ်သွားတတ်ပါတယ်။ မိဘအချစ်ဆိုတာ ဖေါ်ပြတတ်ဖို့ လိုအပ်သလို လက်တွေ့ဖေါ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ လိုလေသေးမရှိအောင် သားသမီးများကို ပြုစုတဲ့ အချစ်မျိုး ရှောင်ရှားသင့်ပါတယ်။

၅။ မိဘတော်တော် များများဟာ တစ်ခါတစ်လေမှာ အချစ်လွန်ကျူး တတ်ပြီး ( လိုအပ်တာထက်ပိုအလိုလိုက်ခြင်း ) တစ်ခါတစ်လေကျတော့ အဆုံးအမ လွန်ကျူးနေတတ်ပါတယ်။ မိဘများသတိထားဖို့က လူများရှေ့မှာ သားသမီးကို မဆုံးမမိဖို့ လိုပါတယ်။

၆။ ကလေးများကို အိမ်ဖေါ်နဲ့ လွှဲမထားပါနဲ့၊ အဆင့်အတန်းခွဲခြားတာမဟုတ်ပါ။ အိမ်ဖေါ်ဆိုတာ အိမ်ဖေါ် အတွေးပဲ ရှိပါတယ်။ ကလေးများရဲ့ အတုမြင်အတတ်သင် ဉာဏ်ရည် အဖွံ့ဖြိုးဆုံး အရွယ်ဟာ အသက် ( ၀ ) နှစ်ကနေ အသက် ( ၇ ) နှစ် အတွင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ လူကြီးကိုအကုန်လုံးနီးပါး အတုယူပါတယ်။ စဉ်းစားကြည့်ပါ့။ ဦးနောက်ဖွံ့ဖြိုးဖို့ အကောင်းဆုံး အချိန်အခါမှာ အိမ်ဖေါ်နဲ့ ပစ်ထားတယ်ဆိုတာ သင့်ကလေး ကြီးလာရင် ဘယ်လို ထူးချွန်တော့မှာလဲ။

၇။ ( ၁၂ ) နှစ် အောက်ကလေးတော်တော်များများဟာ မိဘကို အထင်ကြီးပါတယ်။ မိဘက ကောင်းတယ်လို့ ပြောရင် အကောင်းထင်သွားတတ်ပြီး၊ မိဘက မကောင်းဘူးလို့ မှတ်ချက်ချလိုက်ရင် အလိုလို မူန်းတီးသွားတတ်ပါတယ်။ အဲဒါကြောင့် မိဘများ ကလေးများရဲ့ ရှေ့မှာ သူတို့ ဆရာဆရာမများကို ချီးမွမ်းပေးပါ။ ကလေးက သူတို့ ဆရာဆရာမများကို အထင်ကြီးသွားမှ သူတို့ပေးတဲ့ပညာကို ပိုမိုရရှိမှာဖြစ်ပါတယ်။

Source: Treasure

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။