ပရိသတ် အချစ်တော် မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ ပဲရစ်ရောက်နေတဲ့ သူမရဲ့ အလန်းစား ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာကနေ တင်ပေးလိုက်ပါတယ်..။

မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ သူမရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအမြဲ ပြန်လည်မျှဝေလေ့ရှိသူလည်း ဖြစ်ပါတယ်..။

အခုတစ်ခေါက်မှာလည်း ချစ်စရာကောင်းတဲ့ သူမကတော့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက ပဲရစ်မြို့ကို အလည်အပတ် ရောက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်..။

ပဲရစ်ရောက်နေတဲ့ သူမရဲ့ အမိုက်စားဓာတ်ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာပါ..။

“Your attitude is like a price tag , it shows how valuable you are..” ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ ဓာတ်ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်..။

အမြဲတမ်းအမိုက်စားပုံရိပ်လေးတွေနဲ့ ဆွဲဆောင်မှုရှိနေတဲ့ သူမကတော့ အခုတစ်ခေါက်မှာလည်း ဆွဲဆောင်မှုရှိရှိ လှနေပြန်တာ တွေ့ရပါတယ်..။

မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာတွေနဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်..။

သူမကတော့ လက်ရှိမှာ ပဲရစ်မြို့ကို အလည်အပတ်ရောက်ရှိနေပြီး သူမရဲ့ လျှောက်လည်နေတဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

လတ်တလော အနုပညာလှုပ်ရှားမှုတွေကတော့ ကြော်ငြာများရိုက်ကူးနေပြီး မဂ္ဂဇင်း၊ ဓာတ်ပုံကြော်ငြာများလည်း ရိုက်ကူးပေးနေကာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးပေးနေတာ တွေ့ရပါတယ်..။

Source - ရွှေမှုန်ရတီ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။