ယနေ့ဇန်နဝါရီလ ၅ရက်နေ့လေးကတော့ပရိတ်သတ်တွေကိုမင်္ဂလာရှိတဲ့ သီတင်းလေးတွေဆီကို ခေါ်ဆောင်သွားမယ့်နေ့ရက်လေးပဲဖြစ်ပါဖစ်ပါတယ်။ တောင်ဝင်မိသားစုအနေနဲ့ ယမန်နေ့ ဇန်နဝါရီလ၄ရက်နေ့တွင်မွန်မြတ်လှတဲ့လှူဒါန်းမှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ကြားရမြင်တွေ့ရသူအဖို့အလွန်ပင်ကြည်နူးစရာကောင်းလှပါတယ်။

တော်ဝင်မိသားစု ကုမ္ပဏီဥက္ကထ ဦးကိုကိုထွေး ဇနီးဒေါ်အေးအေးသန်း၊ သမီး မဝတ်ရည်ထွေး ၊ မသီရိထွေး ၊မြေးကေခိုင်မျိုး စုသက်မျိုး မိသားစုကတော့ ယနေ့မှာ သိန်းပေါင်း (၁၁၀၀၀) တန်ကျေးရှိတဲ့ ကျောင်းဆောင်တစ်ခုကို သီတကူဆရာတော်ဘုရားထံ ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ယနေ့ဇန်နဝါရိလ ၅ရက်နေ့တွင် သံဃာတော်အပါး တစ်ထောင်ကို ဆွမ်းကြိးလောင်းလှူပွဲကိုလဲပြုလုပ်လှူဒါန်း ခဲ့ပါသည်။ 

ထိုကျောင်းဆောင်တော်ကြိးရဲ့နာမည်ကတော့ သီတဂူတော်ဝင်သဒ္ဓမ္မဇောတိကာသန္တိမဟာကျောင်းဆောင်တော်

ဖြစ်တယ်လို့သိရှိရပါတယ်။၎င်းကျောင်းဆောင်တော်ကြီးကိုတော့ သီတဂူဆရာတော်ဘုရားကြီးကိုယ်တိုင် ဖဲကြိုးဖြတ်ကာ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါတယ်လို့သိရှိရပါတယ်။ ယခုကဲ့သို့မွန်မြတ်လှတဲ့အလှူတစ်ခုကို ရှူမြင်ရသူတိုင်း နတ်လူသာဓုခေါ်ဆိုနိုင်ပါစေလို့ တောင်းဆုခြွေကာ မေတ္တာပွားလိုက်ရပါသည်။ 

source - နေ့စဉ်သတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။