Golden Moon ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးတင်မောင်ညွန့် ဒေါ်တင်နွယ်အေးတို့ရဲ့သား မောင် ထက်ဦးလှိုင်နဲ့ အကယ်ဒမီ ဦးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့ သမီးကြီး မယွန်းဝတီလွင်မိုး တို့ရဲ့ မင်္ဂလာဆောင်ကတော့ မနေ့က ကျင်းပပြီးစီးခဲ့ပါပြီ ပရိသတ်ကြီးရေ။ အရမ်းကိုမှ လိုက်ဖက်လွန်းတဲ့ ထက်နဲ့ ခေး တို့ရဲ့ မင်္ဂလာပွဲကိုတော့ နှစ်ဖက်မိဘတွေက သဘောတူကြည်ဖြူစွာ ကျင်းပပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ပရိသတ်တွေသာမက အနုပညာရှင်အချို့ကပါ ယွန်းဝတီလွင်မိုးလေးကို နှမြောနေကြပေမဲ့ နှစ်ဖက်မိဘတွေကတော့ သားသမီးတွေအတွက် ပျော်ရွှင်လို့နေတာ တွေ့ရပါတယ်။ ဦးလွင်မိုးကလည်း ကောင်လေးတွေ မိသားစုဖက်နဲ့ ကောင်လေးရဲ့ သမီးအပေါ်သဘောထားတွေကြောင့် သဘောတူလက်ခံခဲ့တာဖြစ်တယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ မောင်ထက်ဦးလှိုင်ရဲ့မိခင် ဒေါ်တင်နွယ်အေးကလည်း ချွေးမလေး ယွန်းဝတီလွင်မိုးနဲ့ ပတ်သတ်လို့ သူမရဲ့ လူမှုစာမျက်နှာကတဆင့် ယခုလို ကျေးဇူးတင်စကားဆိုလို့ထားပါတယ်။ 

"ကျမတို့မိသားစုထဲကို မင်္ဂလာနှစ်သစ်မှာ သမီးလေးတယောက်ကို ကျမတို့မိသားစုထဲကြည်ကြည်ဖြူဖြူနဲ့စိတ်ချစွာအပ်နှင်းပေးသော သမီးလေးရဲ့ဖေဖေကိုလွင်မိုး မေမေမမေသူတို့ကို ကျမတို့မိသားစုကလည်း ကျေးဇူးအထူးတင်ပါတယ်ရှင်" ဆိုပြီး ပြောဆိုရေးသားထားပါတယ်။ ဒါ့အပြင် သူမဟာ အင်တာဗျူးတစ်ခုမှာ " မနှမြောပါနဲ့ ကျွန်မသားလေး လိမ္မာပါတယ် လို့၊ ကျွန်မ သားလေးက အရမ်းချစ်တယ်။ တော်တော်ကို ချစ်တာ။ ချစ်လွန်းလို့ သားလေး လုပ်ချင်တာ မှန်သမျှ ချွေးမလေးလည်း စိတ်ချမ်းသားအောင်၊ သူတို့ မျက်နှာပျက်ရမယ့်ဟာမျိုး ကျွန်မတို့ မလုပ်ပါဘူး” လို့ ယွန်းဝတီလွင်မိုးရဲ့ ယောက္ခမက ပြောပါတယ်။ ကျင်းပပြီးစီးသွားပြီဖြစ်တဲ့ ထက်နဲ့ ခေးတို့ရဲ့ မင်္ဂလာပွဲကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး သူတို့နှစ်ဦးရဲ့ ကြည်နူးစဖွယ်ပုံရိပ်လေးတွေကတော့ လူငယ်တွေအကြား အားကျစရာဖြစ်ခဲ့ရပါတယ်။ 

Source: Shwe Htut Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။