၂၀၁၇ ခုနှစ်အတွက် အာဖရီကတစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ကို လီဗာပူလ်းအသင်းရဲ့ ကစားသမား ဆာလက်ကရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီဆုကို အာဖရိကန်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တာဖြစ်ပြီး မဲပေးစနစ်ဖြင့်ဆုံးဖြတ်တာဖြစ်ပါတယ်။ဆာလက်ဟာ မဲအများဆုံးရရှိခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဆာလက်ရရှိခဲ့တဲ့ မဲအရေအတွက် ကတော့ ၆၂၅ မဲရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယမဲအများဆုံးရရှိခဲ့တဲ့ ကစားသမားကတော့ လီဗာပူလ်းအသင်းရဲ့ ကစားသမား မာနေးပဲဖြစ်ပါတယ်။မာနေးဟာ မဲအရေအတွက် ၅၀၇ မဲရရှိခဲ့တာလည်းဖြစ်ပါတယ်။တတိယအများဆုံးရရှိခဲ့တဲ့ ကစားသမားကတော့ ဒေါ့မွန်အသင်းရဲ့ ကစားသမား အော်ဘာမီယန်းပဲ ဖြစ်ပါတယ်။အော်ဘာမီယန်ရဲ့ မဲအရေအတွက်ကတော့ ၃၁၁ မဲရရှိခဲ့တာဖြစ်ပါတယ်။

ဆာလက်ဟာ လက်ရှိမှာ လီဗာပူလ်းအသင်းနဲ့ အတူခြေစွမ်းပြသနိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ဒါ့အပြင် တစ်ကိုယ်တော်ဆုတံဆိပ်တွေကိုလည်းရရှိထားတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ဆာလတ်ဟာ အီဂျစ်အသင်းကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် အဓိကစွမ်းဆောင်နိုင်ခဲ့သလို လီဗာပူးလ်အသင်းအတွက်ပြိုင်ပွဲစုံ 23ဂိုးသွင်းယူပေးထားပြီး ပရီးမီးယားလိဂ် ဒုတိယဂိုးအများဆုံးနေရာမှာ ရပ်တည်နေသောကြောင့် ဒီဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။