ကြာစွယ်ဟာ ရှမ်းအစားစားတွေဖြစ်ပြီးမြို့ကြီးတွေမှာ စားသုံးသူများလာတဲ့ မာလာဟင်း ၊မြေအိုးမြီးရှည် ဟော့ပေါ့ တွေမှာထည့်စားလည့်ရှိပါတယ်။ ကြာပင်ရဲ့အဖြစ်ကရတဲ့ ကြာစွယ်ဟာ ရေမှာပေါက်ရောက်ပြီး ကျန်းမာရေးအတွက်အထောက်အကူပြုလို့နေပါတယ်။ အာရှဒေသမှာ ပေါက်ရောက်တဲ့ အပင်မျိုးဖြစ်ပြီး လှပတင်တယ် ၊သန့်ရှင်းတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ကြာပင်အမျိုးအစားအများကြီးရှိပြီး စားသင့်တဲ့ အပင် အမျိုးအစားရှိသလို မစားသင့်တဲ့အမျိုးအစားလည်းရှိနေပါတယ်။ ကြာစွယ်မှာ ပါဝင်တဲ့ ဗီတာမင်၊ သတ္တု ဓတ်တွေဟာလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓတ်တွေဖြစ်ပါတယ်။ ကြာစွယ်မှာ ပါဝင်တဲ့ဗီတာမင်စီဟာ ကို်လက်စထရော ကိုလျော့ကျစေပြီး ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါ တယ်။ ကူးစက်ရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးပါတယ်။ အနက်ကျက်မြန်စေတယ်။ကို်ယ်တွင်းအင်္ဂါအစိတ် အပို်င်းတွေိကို ကျန်းမာသန်စွမ်းစေပါတယ်။

ဗီတာမင်ဘီ ပါဝင်ခြင်းကြောင့် အာရုံကြောစနစ်၊ အစေခြေစနစ်၊ နှလုံးသွေးကြောစနစ်၊ တွေကို ကောင်းမွန် စေရုံသာမက သန္ဓောသားဖွံဖြိုးမှုအတွက်လည်း အထောက်အကူပြုလိုနေပါတယ်။ သိုင်ရာမင်ဓတ်ပါဝင်မှု ကြောင့် မျက်လုံး၊ အစာခြေစနစ်၊ နှလုံး၊အာရုံကြောတွေကျန်းမာစေဖို့ အထောက်အကူပေးပါတယ်။ အသား ရည်လှပစေပြီး ဆံပင်သား ကျန်းမာဖို့ အထောက်အကူပြုပေးပါတယ်။ အမျှင်ဓတ်ကြွယ်ဝစွာပါဝင်နေပါတယ် ။သွေးလည်းပတ်မှုကို တိုးတက်စေပြီး အောက်ဆီဂျင်လုံးလောက်မှုကိုပေးစွမ်းနိုင်ပါတယ်။သွေးအားနည်း ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးတဲ့ ကော့ပါးနဲ့သံဓာတ် တွေပါဝင်လို့နေပါတယ်။

ဗီတာမင်ဘီဓတ်ပါဝင်တဲ့ အတွက် စိတ်တည်ငြိမ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလည်း သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ခြင်းတွေကို သက်သာစေပါတယ်။

ဗီတာမင်အေကြောင့် အမြင်အာရုံကောင်းမွန်ကာ မျက်လုံးမှုဝါးခြင်းကို တိုးတက်ကောင်းမွန်စေပါတယ်။ ဗီတာမင်စီပါဝင်မှုကြောင့် အသားရည်လျော့တွဲကျခြင်း၊ အစက်အပြောက်တွေဖြစ်ခြင်း၊ နေလောင်ကွက်ထ ခြင်း၊တို့ကိုကောင်းမွန်စေပြီး ခြောက်သွေ့မွဲနေတဲ့အသားရည်ကို ချောမွေ့ဝင်းပစေပါတယ်နော်။ ရေမှာပေါက် ရောက်တာဆိုပေမဲ့လည်း ပိုးမွားတွေကပ်ပါးလာနိုင်တာကြောင့် စင်အောင်မဆေးပဲစားသုံးမိတဲ့အခါ ှဗိုက်နာ ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျော့ခြင်းတို့ဖြစ်ပွားနိုင်ပါတယ်။ အာလုံးပဲကျန်းမာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြ ပါစေ။

Source : maayethaemon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။