ဒီဇင်ဘာ(၄)ရက်နေ့ မနေ့ကမနက် (၈)နာရီအချိန်ခန့် မန္တလေးမြို့တွင်ကျင်းပသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲတွင် အားကစားသမားတဦး ယာဉ်တိုက်ခံရမှု ဖြစ်ပွားခဲ့တယ် လို့သိရပါတယ်။အဆိုပါ ပြိုင်ပွဲဝင် အားကစားသမားတဦး ဟာ ပန်းမဝင်မီအချိန်တွင် ယာဉ်တိုက်ခံခဲ့ ရတာပဲဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ဘုန်းမြင့်ကျော် အသက်(၁၉)နှစ် မဟာမြိုင်ရပ်ကွက်နေသူ မောင်းနှင်လာသော YGN 2J-9878 HONDA Fit အပြာရောင်ယာဉ်ဟာ မန္တလာသီရိဘောလုံးကွင်း ဝင်/ထွက်ပေါက် ရှေ့အရောက် တွင် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့ (၆၈) လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာတဲ့ ၎င်းယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ ပြိုင်ပွဲဝင် အားကစားသမား တဦးဖြစ်တဲ့ ဦးကျော်စိုးဝင်း အသက် (၄၂)နှစ်အား တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။ အားကစားနှင့်ကာယသိပ္ပံဝင်းအတွင်းနေထိုင်သူ ဦးကျော်စိုးဝင်း ဟာ ယဉ်တိုက်မှုကြောင့် သတိလစ် မေ့မျောခဲ့ တာဖြစ်ပြီး မန္တလေးမြို့အထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့၍ ဆေးကုသမှုခံယူခဲ့ ရတယ်လို့ သိရပါတယ်။ 

မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲဟာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ရုံးရှေ့မှ ကျုံးကိုပတ်ပြီး ၆၂ လမ်းအတိုင်း မြောက်မှတောင်သို့သွားကာ ငုရွှေဝါလမ်းရှိ မန္တလာသီရိအားကစားကွင်းမှာ ပန်းဝင်ခြင်းဖြစ်ပြီး ယာဉ်တိုက်ခံရသည့် အားကစားသမားဟာ ပန်းမဝင်ခင် မီတာ (၂၀၀၀) ခန့်အလိုတွင် ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ယင်းမတော်တဆမှုနှင့်ပတ်သတ်၍ ယာဉ်တိုက်ခံရသူအတွက် ဆေးကုသမှု ကုန်ကျစရိတ်များကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အကုန်အကျခံကုသပေးသွားမယ်လို့ သိရပါတယ်။ယာဉ်မောင်းဖြစ်သူကိုလည်း အမှတ်(၁၁)နယ်မြေရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - ဦးရာဇ(New Watch)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။