ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာမတံတားပေါ်ကနေ ဇန်နဝါရီ(၂)ရက်နေ့က အသက်၁၈နှစ်အရွယ် နီတရာဆဝပ်စ်ဒီဝမ်သည် ဖေ့စ်ဘုတ်ပေါ်မှတိုက်ရိုက်Liveလွင့်ပြီး မြစ်ထဲသို့ခုန်ချ သေကြောင်းကြံသွားခဲ့ပါတယ်။

ရေတပ်အရာရှိတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေဟာ ၄င်းမိန်းကလေးကို မြစ်အတွင်းရှာဖွေခဲ့ရာ အခင်းဖြစ်ပွားပြီး၂ရက်အကြာမှာတော့ ကျောက်ဖယားမြစ်ထဲမှာ ဇန်နဝါရီ(၄)ရက်နေ့က တွေ့ရှိခဲ့တယ်လို့ ဘန်ကောက်သတင်းပိုစ့်မှာ ပြောကြားထားပါတယ်။

ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ဗျူရိုမှ ဒုတိယရဲချုပ် ဆွမ်ဖောင် ချင်ဒူဝမ်က အခုတွေ့ရှိရတဲ့ အလောင်းပေါ်မှ အဝတ်အစားတွေနဲ့ သေကြောင်းကြံစည်ခဲ့သူ မိန်းကလေးရဲ့ အမှတ်အသားတွေ တူညီနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သေဆုံးသူမိန်းကလေးနဲ့ ပတ်သက်ပြီး နောက်ထပ်ခိုင်မာတဲ့အတည်ပြုချက်တွေရဖို့ ဆိရိဂျာဆေးရုံသို့ ပို့ဆောင်စစ်ဆေးထားတယ်လို့လည်းသိရပါတယ်။

ဒီအဖြစ်အပျက်ကို မိန်းကလေးက ပတ္ထရာဒနိုင်း နွန်ဆီရ်နာ့တ် အမည်ရတဲ့ ဆိုင်ကယ်တက္ကဆီ သမားတဦးကို ဘတ်ငွေ ၅၀၀ ပေးပြီး ရိုက်ယူခိုင်းခဲ့တာလို့လည်း သိရှိရပါတယ်။

ယခုလိုရိုက်ယူခိုင်းခဲ့တဲ့အချိန်က မိန်းကလေးဟာသေကြောင်းကြံစဉ်လိမ့်မယ်လို့ မထင်မှတ်ခဲ့ဘဲ တံတားပေါ်ကနေ မနက်ခင်းရဲ့အလှကို ရိုက်ပြချင်တာဖြစ်မယ်လို့ ထင်ခဲ့မိကြောင်း ရဲဌာနတွင်ဖြေကြားခဲ့တယ်လို့ သိရှိရပါတယ်။

source-DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။