ဂျက်စတင်ဘီဘာရဲ့ ရည်းစားဟောင်း အသက်(၁၉)နှစ်အရွယ် စူပါမော်ဒယ် Sofia Richie တစ်ယောက် နှစ်သစ်မှာ အချစ်သစ်နဲ့ ပျော်ရွှင်ကြည်နူးနေပါတယ်။

သူမဟာ အမေရိကန်မော်ဒယ် Kourtney Kardashian ရဲ့ ခင်ပွန်းဟောင်း Scott Disick နဲ့ ချိန်းတွေ့နေတဲ့ပုံတွေထွက်ပေါ်လာတာဖြစ်ပါတယ်။

အသက်အများကြီးကွာတဲ့ သူတို့နှစ်ယောက်ဟာ ဇန်နဝါရီလ(၄)ရက်မှာ Sugarfish စားသောက်ဆိုင်မှာ ညစာအတူစားခဲ့တယ်လို့သိရပါတယ်။

သူမဟာ Crop Top အနက်ရောင်ကို အောက်ခံဝတ်ထားပြီး အပေါ်က ဂျာကင်ဝတ်ထားကာ အထာကျနေတာကိုတွေ့ရပါတယ်။

အသက်ငယ်ပေမယ့် မော်ဒယ်လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ ဆိုဖီယာဟာ ဖက်ရှင်ကျကျနေတတ်တာကြောင့် ဟောလိ၀ုဒ်မှာ နာမည်ကြီးစာရင်းဝင်တဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ်။ 

သူတို့နှစ်ဦးတွဲခုတ်နေတာ (၂၀၁၇) အောက်တိုဘာလထဲက ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။

အသက်(၃၄)နှစ်အရွယ် စကော့ ဟာ လက်တလောမှာ တစ်ခုလတ် လူလွတ်တစ်ယောက်ဖြစ်တာမို့ ဆိုဖီယာနဲ့ တွဲခုတ်နေတဲ့အပေါ် ဝေဖန်ကြတဲ့ ပရိသတ်တွေရှိသလို သူတို့နှစ်ဦးကို သဘောတူနေတဲ့ ပရိသတ်တွေလည်း ရှိကြပါတယ်။ ဆိုဖီယာဟာ ဂျက်စတင်ဘီဘာနဲ့ ပြတ်သွားတာ တစ်နှစ်လောက်ရှိပြီဖြစ်ပြီး အချိန်တိုလေးပဲ တွဲခဲ့ကြတာပါ။ လက်ရှိတစ်ယောက်နဲ့ကတော့ ကိုကြီး နဲ့ ညီမလေး အချစ်ဇာတ်လမ်းမျိုးပါပဲ။ 

justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။