မြန်မာနိုင်ငံရဲ့ သူရဲကောင်းမလေး သူရမချစ်ပို ရဲ့ နှစ် ၁၁၀ ပြည်ဂုဏ်ပြုပွဲကျင်းပ့ရန်နီးကပ်လာပီဖြစ်ပါသည်။ သူမရဲ့ ရဲစွမ်းသတ္တိတွေ ကတော့ လက်ဖျားခါလောက်ကောင်ကောင်းမွန်တာကို ရှေးလူကြီးတွေပြောကြားမှုကနေတစ်ဆင့် သိရှိခဲ့ရပါတယ်။

သူရမချစ်ပိုကို ၁၉၀၇ နှစ်တွင် တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်မှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။တပ်မတော်ထဲသို့ဝင်သွားသည့် မောင်လေးအားလိုက်ရှာရင်းနဲ့ တပ်မတော်သားတစ်ဦးနဲ့အိမ်ထောင်ကျခဲ့တယ်လို့သိရှီရပါတယ်။ သူမကတော့ ၁၉၄၉ခုနှစ် ၊ ဧပြီလ ၄ရက်နေ့တွင် ကရင် KNDO တပ်ကို ရွံ့ရွံ့ချွန်ချွန်တိုက်ခိုက်ခဲ့ပြီး မချစ်ပိုသည် ၁၉၄၉ခုနှစ်၊ဧပြီလ ၄ ရက်တွင် ရန်သူ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ပါသည် ။ သူမကျရှုံးစဉ်က သူမ၏အသက် က၄၂ သာရှိသေးပြီး နိုင်ငံတော်အစိုးရက ၁၉၅၀ ပြည့်နှစ် လွတ်လပ်ရေးနေ့မှာ သူရ ဘွဲ့ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ 

မကြာခင်ကြရောက်လာတော့မည့် သူမရဲ့လွမ်းဆွေးခြင်း နှစ်၁၁၀ပြည့်ဂုဏ်ပြုပွဲကို ပြင်ဦးလွင်မြို့ YMBA ခန်းမတွင် လာနမည့်ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဟု ပြင်ဦးလွင်မြို့နယ်စာရေးဆရာအသင်း ပြင်ဦးလွင်မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ သက်နိုင်(ပြင်ဦးလွင်)ကပြောကြားထားပါတယ်။

၎င်းပွဲကို ဦးဆောင်ကျင်းပ ပြုလုပ်ပေးမှာကတော့ ပြင်ဦးလွင်မြို့နယ်စာရေးဆရာအသင်း ကဖြစ်ပါတယ်။ ထိုပွဲမှာကတော့ ဆရာတော်သံဃာတော်များအား ဆွမ်းကပ်လှူကာ အမျှအတမ်းပေးဝေခြင်း ၊ အမှတ်တရစာစောင်များထုတ်ဝေခြင်းတို့ပြူလုပ်သွားမည်ဟုဆိုပါတယ်။ ထို့အပြင် အမှတ်တရဟောပြောခြင်းနှင့် ဂုဏ်ပြုကဗျာ ရွတ်ဆိုခြင်းများလည်း ပါဝင်မယ်လို့ သိရှိရပါတယ်။

ထိုပွဲကျင်းပနိုင်ရန်အတွက် "ဘဏ္ဍာငွေက လောလောဆယ်နည်းနေသေးတယ်။ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး လုပ်သွားမယ်။"ဟု စာရေးဆရာ သက်နိုင်(ပြင်ဦးလွင်)ပြောကြားထားပါသည်။ လှူဒါန်းလိုသောအလှူရှင်များအနေနဲ့ လဲ အလှူငွေများကို ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်း၊ဖုန်း-၀၉၄၀၀၄၄၅၂၃၇သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်လို့သိရှိရပါတယ်။  

source - mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။