တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Kpop အဆိုတော် အဖွဲ့ဖြစ်တဲ့ Big Bang အဖွဲ့ဝင် T.O.P ဟာ မကြာခင်မှာ ပြည်သူ့ဝန်ထမ်းအဖြစ် ပြန်လည်ပြီး တာဝန်ထမ်းဆောင်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်..။

T.O.P ဟာ သူ့ရဲ့ ကျန်ရှိနေသေးတဲ့ ရက်ပေါင်း(၅၂၀) စစ်မှုထမ်းတာဝန်ကို ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်..။

ယခုဇန်နဝါရီလတွင်းမှာပဲ ယောင်ဆန်မြို့ အစိုးရရုံးတစ်ခုမှာ ပြည်သူ့ဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

T.O.P ဟာ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ် ဖေဖော်ဝါရီမှာ စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်စဉ်က ရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်..။

ဒါပေမယ့် (၂၀၁၇)ခုနှစ် ဇွန်လမှာ ဆေးခြောက်သုံးစွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်အဖြစ်မှ တာဝန် ရပ်ဆိုင်းခံခဲ့ရပြီး တရားရင်ဆိုင်ခဲ့ရတာ တွေ့ရပါတယ်..။

သူ့ရဲ့ သတင်းကို ကြားသိပြီး ပရိသတ်တွေကလည်း T.O.P အတွက် စိတ်မကောင်း ဖြစ်ခဲ့ကြရတဲ့အတွက် T.O.P ကလည်း သူ့ရဲ့ ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပါတယ်..။

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်ဖြစ်တဲ့ T.O.P ဟာ သူ့ရဲ့ ကျန်ရှိနေတဲ့ မဖြစ်မနေစစ်မှုထမ်းတာဝန်ကို ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရတော့မှာ ဖြစ်တဲ့အတွက် သူ့ရဲ့ Fan တွေကလည်း ဝမ်းသာပျော်ရွှင်နေကြပါတယ်..။

T.O.P ပရိသတ်တွေအတွ့်ကတော့ တကယ်ကို သတင်းကောင်းတစ်ခုပါပဲ..။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သူတို့ Big Bang အဖွဲ့ဟာ အဖွဲ့ဝင်တွေ စုံစုံညီညီနဲ့ နှစ်ကုန် ဖျော်ဖြေပွဲတစ်ခုကို ဆိုးလ်မြို့မှာပဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။