နာမည်ကျော်မိတ်ကပ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးတစ်ယောက် မော်ဒယ်နဲ့ သရုပ်ဆောင်လောကထဲကို ခြေချပြီး ပရိတ်သတ်တွေကို ပုံစံအသစ်တစ်မျိုးနဲ့ တင်ဆက်တော့ မှာပဲဖြစ်ပါတယ်။ သူမဟာနာမည်ကျော်အနုပညာရှင်တစ်ဦးရဲ့ ချစ်သူမဖြစ်ခင်ကာလ ကတည်းက သူမကို အားပေးချစ်ခင်တဲ့ပရိတ်သတ်တွေအများအပြားရှိခဲ့ပါတယ်။ အနုပညာ ရှင်တစ်ဦးနဲ့ ချစ်သူဖြစ်ပြီးနောက် မှာတော့ သူမကို ယခင်ကထက် ပိုမိုလူသိများခဲ့ပြီး ပိုမို ချစ်ခင်အားပေးလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူမရဲ့ မိတ်ကပ်ပြင်ဆင်တဲ့ Video File လေးတွေ ကိုလည်း ပရိတ်သတ်တွေကို အမြဲလိုလိုတင်ဆက် ပေးလေ့ရှိပါတယ်။

သူမက လက်ရှိမှာ ကြော်ငြာတွေရိုက်ကူးနေပြီး ပရိတ်သတ်တွေကလည်း သူမကို တခဲနက် အားပေးခဲ့ ကြပါတယ်။ သူမဟာ လက်ရှိမှာတော့ အပျိုစင်မဂ္ဂဇင်းအတွက် နီဂရိုးမလေး ပုံစံပြင်ဆင်ချယ်သခဲ့ပြီး အလန်းစားရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ မိတ်ကပ်ဖန်တီးသူ အနုပညာ ရှင်တစ်ဦးဖြစ်တာမို့ သူမရဲ့ ပြင်ဆင်ချယ်သပုံတွေက အများနဲ့မတူပဲ တမူထူးခြားပြီး လှပ တောက်ပြောင်နေပါတယ်။ ချစ်စရာကောင်းတဲ့ သူမကို ချစ်ခင်အားပေးသူတွေ ပိုမိုများပြား လာပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ကို စတင်လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။

သူမရဲ့ Facebook မှာ အပျိုစင်မဂ္ဂဇင်း ဇန်နဝါရီလ cover အတွက် မတူညီတဲ့ ပြောင်းလဲမှု ပုံစံပေါ့ I LOVEEEEEEEE ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ အရမ်းကိုဂေါ်တဲ့ပုံစံမျိုးအဖြစ်နဲ့ သူမ ကို မြင်တွေ့ရတာဖြစ်ပြီး တကယ့်ကိုအကြွေစင်ပါပဲ။ မိုက်လွန်းလှတဲ့ နေခြည်ဦးရဲ့ ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက်လည်း တင်ဆက်ပေးလိုက်ပြီနော်။

Photo – Nay Chi Oo’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။