ဇန်နဝါရီ(၅)ရက်နေ့လေးကတော့ ရုပ်ရှင်သရုပ်ဆောင် မင်းသားချောလေး ဇေရဲထက်ရဲ့ မွေးနေ့ရက်လေးဖြစ်ပြီး သူ့ရဲ့ မွေးနေ့ရက်လေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

မွေးနေ့ရက်လေးမှာ မိတ်ဆွေသူငယ်ချင်း၊ ပရိသတ်များနှင့်အတူ လှူဒါန်းမှုများပြုလုပ်ရင်း မွေးနေ့ရက်လေးကို အဓိပ္ပာယ်ရှိရှိ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်..။

မင်းသားချောလေး ဇေရဲထက်က ကြည်နူးစရာ ပျော်ရွှင်စရာကောင်းတဲ့ သူ့ရဲ့ မွေးနေ့အလှူလေးအကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြထားပါသေးတယ်..။

မွေးနေ့လေးမှာ လှူဒါန်းခဲ့တဲ့ နေရာလေးတွေကတော့ သန်လျင်မြို့ရှိ သဘာဝတရားရိပ်သာ၊ မြောက်ဒဂုံမိဘမဲ့ဂေဟာနဲ့ HIV ကူးစက်ခံကလေးငယ်များထားရှိတဲ့နေရာ စုစုပေါင်း သုံးနေရာမှာ သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစတယ်လို့ သိရပါတယ်..။

သူ့ရဲ့အနုပညာကြေးရရှိထားတဲ့ ငွေအချို့နဲ့ မိဘမဲ့ဂေဟာ၊ HIV ကူးစက်ခံကလေးငယ်များ (၅၀၀)ကျော်တို့အတွက် ထောပတ်ထမင်း၊ ဒံပေါက်နဲ့ ဗလာစာအုပ် ဒါဇင်(၁၀၀)၊ အင်္ကျ ီအထည်(၄၀၀) တို့ကို လှူဒါန်းခဲ့ပါတယ်..။

ထို့ပြင်မွေးစားမိဘတွေက အလှူငွေ(၅၀၀၀၀)၊ J’donut မှ ကလေးအယောက် (၅၀၀)အတွက် မုန့်အခု(၅၀၀)နှင့် အခြားအလှူရှင်တွေမှလည်း Lotus ကိတ်ခြောက်၊ အချိုရည်များ၊ ပေါင်မုန့်အခု(၅၀၀)၊ မုန့်မျးာနှင့် ကလေးအသုံးအဆောင် ပစ္စည်းအချို့တို့ကို စေတနာရှင်များနှင့်အတူ သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်..။

မင်းသား ဇေရဲထက်ကတော့ ကလေးငယ်များကို မုန့်များနှင့် လှူဒါန်းပစ္စည်းတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပြီး သူ့တို့ရဲ့ အလှူဒါနလေးကိုလည်း ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ဓာတ်ပုံများနဲ့ ဗီဒီယိုဖိုင်လေးတွေ တင်ပြီး ပရိသတ်တွေ ပြန်လည်မျှဝေထားပါသေးတယ်..။

လမ်းဘေးခွေးလေးတွေကိုလည်း ထမင်းနဲ့ ကြာက်သားများ ချက်ပြီး အဟာရဒါနများ လှူဒါန်းခဲ့ကြပါသေးတယ်လို့ ဆိုပါတယ်..။

မင်းသားချောလေး ဇေရဲထက်ကတော့ သူ့ရဲ့ မွေးနေ့လေးကို ကောင်းမွန်တဲ့ အလှူဒါနလေးတွေနဲ့အတူ ဖြတ်သန်းခဲ့ပြီး ပရိသတ်တွေကလည်း ချီးကျူးသာဓုခေါ်ထားကြတာ တွေ့ရပါတယ်..။

ယနေ့လေးမှာတော့ မင်းသားချောလေး ဇေရဲထက်ရဲ့ ကြည်နူးပျော်ရွှင်စရာ မွေးနေ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source - ဇေရဲထက် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။