နာမည်ကျော်အဆိုတော်ဖြစ်တဲ့ ဂျီလတ်တစ်ယောက် သူ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း မိတ်ဆွေဖြစ်တဲ့ အဆိုတော် ဝေလရဲ့ အကောင့်အတုကိုဖော်ထုတ်ပြီး Report လုပ်ခိုင်းခဲ့ပါ တယ်။ နာမည်ကြီး အနုပညာရှင်တိုင်းဟာ ဒီလိုပြဿနာကိုအမြဲတမ်း ကြုံတွေ့နေရတာဖြစ်ပါ တယ်။ တစ်ချို့ပရိတ်သတ် တွေကလည်း ကိုယ်ချစ်ခင်တဲ့အနုပညာရှင်နာမည်နဲ့ပဲ အကောင့် ဖွင့်ပြီး အနုပညာရှင်ရဲ့ပုံနဲ့ပဲ သုံးတတ် ပါတယ်။ ချစ်ခင်သမှုနဲ့သုံးတာထက်စာရင် အယောင် ဆောင်ပြီး Fake သုံးတာဟာ အနုပညာသမား တွေ အတွက် စိတ်အနှောက်အယှက်ဖြစ် စရာတစ်ခုပါပဲ။

သိန်းဇော် အမည်ရှိ ဖေ့ဘုတ်အသုံးပြုသူတစ်ဦးဟာ သိန်းဇော် (ဝေလ) ဆိုတဲ့ နာမည်နဲ့ သုံးနေတာ ဖြစ်ပါတယ်။ ဒါကို အဆိုတော်ဂျီလတ်ရဲ့ အကောင့်မှာ " ဝေလလည်းအတော် စိတ်ညစ်နေပြီ။ ခုလို ကျပ်မပြည့်တဲ့ acc တွေကလည်း ရှိသေးတယ်။ ဘာဖြစ်ချင်မှန်း စဉ်းစားမရဘူးရယ်။ သူ့ကိုယ်သူ ဝေလ ဆိုပြီး post တွေတင်လေရဲ့။ မသိတဲ့သူတွေက ဝေလ ထင်ပြီး follow ထားတာမနည်းဘူး။ ခုလည်း 'မူလလေးဖြာ' ကို သူ့ကိုယ်ကိုသူ ဝေလ အထာနဲ့ တင်ရုံမဟုတ်ပဲ။ တရက်နေ့က ကျနော်တင်ထားတဲ့ post ကိုပါ သူရေးသလို copy ယူလေရဲ့။ ကျေးဇူးပြုပြီး report လေး ချီးမြှင့်ပေးကြပါဦး ဘော်ဒါတို့ " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ဟန်ထွန်း၊ ဂျီလတ်၊ သအိုနဲ့ ဝေလတို့နောက်ဆုံးထွက်ရှိထားတဲ့ “ မူလလေးဖြာ ” ဆိုတဲ့ အခွေပုံကို အကောင့်အတုက Cover Photo တင်ထားတာဖြစ်ပါတယ်။

သိန်းဇော်အမည်ရှိအကောင့်မှာအစစ်မဟုတ်ကြောင့် Facebook User တစ်ယောက်က လည်း " ကျွန်တော့် သူငယ်ချင်းတွေကို တစ်ခုသတိပေးချင်ပါတယ်။ ဒါခင်ဗျားတို့ချစ်တဲ့ ဝေလရဲ့ Facebook Account လုံးဝမဟုတ်ပါဘူး။ အနုပညာရှင် ပုံယူသုံးထားတယ်ဆိုတာ ထက် အဲ့ဒီအကောင့် ပိုင်ရှင်က ဝေလကိုယ်တိုင် သုံးသယောင်ထင်ယောင်ထင်မှားဖြစ်စေ တာတွေပဲတင်တာပါ။ သူ့ကိုယ်သူ ဝေလလို့အထင်မှားနေတာလဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူဟာဝေလမဟုတ်ဘူးဆိုတာ အားလုံးက သူ့ကို အသိပေးကြဖို့လိုပါပြီ။ ဒီ Account အကြောင်းကို ဝေလကိုယ်တိုင် Postတင်ပြီးဖြေရှင်းဘူးပါ တယ်။ စာကြွင်း-ဝေလရဲ့ အမည် ရင်းက သိန်းဇော် မဟုတ်ပါခင်ဗျား " ဆိုပြီးဖြေရှင်းထားတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီး ကလည်း ဝိုင်းကူပြီး အကောင့်အတုကို Report လုပ်ပေးလိုက်ကြပါဦးနော်။

Photo – Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။