အသည်းကွဲခြင်းနဲ့ တန်းတူခံစားချက်ပြင်းတဲ့ တစ်ချို့အချက်တွေက relationship တစ်ခုမှာရှိပါတယ်။ သင်ဟာသူ့ကိုအရမ်းချစ်နေလွန်းတဲ့အတွက်ကြောင့် တစ်ဖက်လူက တစ်ဖြေးဖြေးသင့်ဆီက ခွာပြေးသွားတာကိုတောင် မရိပ်မိလိုက်နိုင်တဲ့အချိန်တွေရှိပါတယ်။ သင့်အချစ်နဲ့သင် ဖုံးလွှမ်းနေတဲ့ အခိုက်အတန့်တွေပေါ့။ သင်ကသာ မမြင်နိုင်တာ။ သင့်ကိုသူပြောပြနေတဲ့ အရိတ်အမြွတ်တွေအများကြီးရှိပါတယ်။ 

1. သူကသင်နဲ့အစီအစဉ်တွေဆွဲတာမျိုးတွေ လုပ်တော့မှာမဟုတ်ဘူး

သင်တို့နှစ်ယောက်ဟာ အရင်တုန်းက အမြဲလိုလိုအပြင်ထွက်လည်လေ့ရှိတယ်ဆိုပေမယ့် ရုတ်တရတ်ကြီးလိုလို သင့်ကောင်လေးကသင့်နဲ့ထွက်လည်မယ်လုပ်တိုင်း အကြောင်းအမျိုးမျိုးပြပြီး ပတ်ပြေးလာပါလိမ့်မယ်။ ဒါဟာ သူ့အနေနဲ့ ပြတ်ဆဲဖို့ မရေမရာဖြစ်နေတဲ့ အခိုက်အတန့်မျိုးမှာ လုပ်လေ့ရှိတဲ့ အပြုအမူဖြစ်ပါတယ်။

2. သူက တစ်ခြားအမျိုးသမီးတစ်ယောက်ကို စတင်စာတွေပို့ စကားပြောလာလိမ့်မယ်

သင့်အနေနဲ့ ကိုယ့်ကောင်လေးက တစ်ခြားအမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေတဲ့ ခံစားချက်ရလာပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်ကောင်မလေးတစ်ယောက်နဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရည်းစားဟောင်းနဲ့ဖြစ်ဖြစ်ပေါ့။ ဒါက ကောင်လေးအနေနဲ့ သစ္စာဖောက်တာလို့ မဆိုလိုနိုင်ပါဘူး။ တစ်ချို့ကောင်လေးတွေအနေနဲ့ လွတ်မြောက်ဖို့ လမ်းစဉ်ရှာတယ်လို့ ဆိုရမှာပေါ့နော်။ ဒီလိုလုပ်နေပြီဆိုရင် သင့်ကောင်လေးသည် သင်နဲ့ပြတ်တဲ့အခါ နောက်တစ်ယောက်ဆီသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။

3. သူက ဒီ relationship နဲ့ပက်သက်ပြီး စကားတွေအကြာကြီးပြောဖို့ တောင်းဆိုလာလိမ့်မယ်

သူ့အနေနဲ့ ဒီဆက်ဆံရေးကြီးမှာ ခံစားရတဲ့ပြဿ နာတွေကို ပြောပြလာလိမ့်မယ်။ ဥပမာ သင့်သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာကို လျှော့စေချင်လာတာမျိုး၊ အလုပ်ကိုအရမ်းအာရုံစိုက်တာကို မကြိုက်တာမျိုးပေါ့။ အရင်တုန်းက အသေးအမွှားကိစ္စရပ်လေးတွေဟာ ခုတော့ သူ့အတွက်အပြစ်ပြောစရာကြီးတစ်ခုလို ဖြစ်လာလိမ့်မယ်။ အပြစ်ရှာတာပေါ့လေ။ အစပိုင်းမှာပြောရင်တော့ သူ့ဘက်ကိုယ့်ဘက်ကိုကြည့်ပြောပေမယ့် အားလုံးပြောဆိုပြီးသွားလို့ ကောက်ချက်ချတဲ့အခါ သင့်အမှားကြီးလိုကို ဖြစ်သွားအောင် ပြောလာပါလိမ့်မယ်။

4. သင်ကသူ့အတွက် ပဓာနမဟုတ်တော့ပါဘူး

သင့်အနေနဲ့ သူ့ရာထူးတိုးသွားတဲ့ကိစ္စကို တစ်ခြားသူငယ်ချင်းတစ်ယောက်ဆီက ကြားလာတယ်။ အကြောင်းကတော့ သင်ဟာ သူ့အတွက် ကိစ္စအကြီးကြီးတစ်ခုဖြစ်တိုင်း ပထမဆုံးအပြေးအလွှားလာပြောပြမယ့် ပဓာန၊ ပထမသူတစ်ယောက် မဟုတ်တော့ပါဘူး။

5. သင်လုပ်သမျှအားလုံးက သူ့အတွက် စိတ်အနှောက်အယှက်ဖြစ်စရာဖြစ်လာပြီ

သူကတစ်ချိန်လုံးအဲ့လောက် အလိုမကျများဖြစ်နေဖူးလားလို့ အံ့သြမိပါလိမ့်မယ်။ တစ်ကယ်တော့ သူကရေဆူမှတ်ကိုရောက်နေတဲ့ သူတစ်ယောက်ပေါ့။ သူ့အတွက်လည်း ဝေခွဲမရဖြစ်နေတယ်။ ခံစားချက်တွေနဲ့ ရှုပ်ထွေးနေတယ်။ အဆုံးသတ်မှာတော့ အားလုံးကို သင့်အပေါ်ပုံချလိုက်ပါလိမ့်မယ်။

6. သူသင့်အနားမှာဆို မပျော်တော့ဘူး

အဲ့ဒီခံစားချက် အတွေးကြီးက သိပ်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်အနားမှာပျော်မနေတော့ဘူးတဲ့။ သူကသင့်ကို မစနောက်တော့ဘူး။ သင်ကသွားစနောက်ရင်လည်း မရယ်တော့ဘူး။ တစ်ချိန်လုံးဖုန်းပဲကြည့်နေတော့မယ်။ ဒါကိုသင်တစ်ဖြေးဖြေးရိပ်မိလာပါလိမ့်မယ်။

7. အကြောင်းပြချက်မရှိပဲ ရန်ဖြစ်မယ်

ဒါယောက်ျားလေးတွေရဲ့ အဆိုးဝါးဆုံးအပိုင်းထဲကတစ်ခု။ သူနဲ့သင်မတိုက်ဆိုင်တဲ့ အကြောင်းကိစ္စတစ်ခုနဲ့ အငြင်းပွားတဲ့အခါ ဘယ်သူ့အပြစ်မှ မဟုတ်သော်လည်း ဒီဆက်ဆံရေးကြီးက အလုပ်မလုပ်တော့တဲ့အကြောင်း သင့်ကိုမရရအောင် သွတ်သွင်းပြောဆိုပါလိမ့်မယ်။

8. သူအချိန်လိုလာပြီလို့ ပြောပြီ

ဒါဟာသင်တို့နှစ်ယောက် ပြတ်ဆဲဖို့ လုံးဝကိုနီးစပ်နေတဲ့အနေအထား၊ သူတစ်ယောက်တည်းရှိချင်လာတယ်။ ရှိတော့ရှိတယ်။ တစ်ချို့လူတွေ .. ကိုယ့်ကိုယ်ကိုတစ်ယောက်တည်း စိတ်အေးအေးနေချင်တဲ့ အခိုက်အတန့်တွေ။ ဒါမှမဟုတ် သင့်ချစ်သူက သင်မရှိဘဲ သူ့အချိန်တွေကို စမ်းသပ်တာလဲဖြစ်နိုင်ပါတယ်။ သင်မရှိတဲ့ သူ့နေ့ရက်တွေ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ စမ်းသပ်ကြည့်တဲ့သဘောပေါ့။ ဒါက ယာယီခေတ္တပြတ်ဆဲခြင်းလို့ ခေါ်နိုင်ပါတယ်။ ဘယ်လိုပဲပြောပြော သင့်ကိုသူမချစ်တော့တာ ရာခိုင်နှုန်းသိပ်များနေပြီလေ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။