မင်းသားချော လူမင်းကတော့ ဖက်ရှင်နဲ့ပတ်သတ်ရင် ခေတ်ရေစီးကြောင်း အတိုင်းလိုက်ပါ စီးမျှော နေသူတစ်ယောက် ဖြစ်သလိုခေတ်မှီတဲ့ ဖက်ရှင်တွေနဲ့ အမြဲလန်းနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ယခုပရိသတ်တွေမြင်တွေ့ရတဲ့ ပုံရိပ်လေးတွေကတော့ မင်္ဂလာပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ အလန်းစားဖက်ရှင်တွေနဲ့ သူတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။အနီရောင်ဝမ်းဆက်လေးနဲ့ ဖက်ရှင်ကျကျ လန်းနေတဲ့ လူမင်းတို့ဇနီးမောင်နှံ ကတော့ပွဲလာသူ ပရိသတ်အပေါင်း ငေးရလောက်တဲ့ အထိလန်းလွန်း နေတာပဲဖြစ်ပါတယ်။ 

လူမင်းတို့ဇနီးမောင်နှံကတော့ လက်တစ်လော ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ Photoမော်ဒယ် တစ်ဦးဖြစ်တဲ့ မြတ်ပုဏ္ဏမီနိုင်တို့ရဲ့ မင်္ဂလာပွဲလေးကို တက်ရောက်ချီးမြင့်ခဲ့ တာပဲဖြစ်ပါတယ်။ပွဲတက် အမှတ်တရပုံရိပ်လေးတွေကိုလည်း လူမင်းရဲ့လူမှုကွန်ယက်ကနေဘမျှဝေပေးထားတာပဲဖြစ်ပါတယ်။ရှေ့သွားနောက်လိုက်ညီလွန်းတဲ့ သူတို့ဇနီးမောင်နှံကို ပရိသတ်တွေ ချီးကျူးမဆုံးဖြစ်နေ ရတာပဲ ဖြစ်ပါတယ်။

လက်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ "ညစ်တွန်း"ဆိုတဲ့ ဇာတ်ကားလေး ရိုက်ကူးနေတယ်လို့ သိရပါတယ်။လူမင်းကိုယ်တိုင် ဒါရိုက်တာအဖြစ်နဲ့ရော သရုပ်ဆောင်အဖြစ်နဲ့ပါ တာဝန်ယူရိုက်ကူး နေတာပဲဖြစ်ပါတယ်။မင်းသားချောပြေတီဦး၊ခိုင်းသင်းကြည်၊အိန္ဒြာကျော်ဇင် နှင့် ထက်ထက်ထွန်းစတဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးမှာဖြစ်တာကြောင့် ရသမျိူးစုံခံ စားရစေမယ့် ကားလေး တစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။အားပေးမယ် မဟုတ်လား ပရိသတ်ကြီး?။

သတင်းအရင်းအမြစ် - လူမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။