နာမည်ကျော်ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးဟာ သူမရဲ့ကြိုးစားမှုကြောင့် ရရှိ လာတဲ့ အနုပညာကြေးအားလုံးကို မိဘကိုပြန်ပြီးပေးတယ်လို့ဆိုပါတယ်။ သူမဟာ ဒဂုံတက္ကသိုလ်ရဲ့ ဆရာကန်တော့ပွဲမှာ ကကွက်အလန်းစားတွေနဲ့ ကပြဖျော်ဖြေခဲ့ရာမှ လူသိများလာပြီး သူမကို အားပေးသူတွေကလည်း တနေ့တခြားများပြားလို့လာပါတော့တယ်း။ နောက်ပိုင်းမှာတော့ သူမက ဟာသ Video လေးတွေ ဟာသ ကကွက်လေးတွေနဲ့ Facebook ကနေ ပရိတ်သတ်တွေကို ဖျော်ဖြေပေးရာမှ တဖြည်းဖြည်းလူသိများလာပြီး အောင်မြင်လာတာပဲဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ ဇာတ်လမ်းတွဲကိုလည်းရိုက်ကူးနေပြီ ဖြစ်ပြီး အားပေးသူပရိတ်သတ်အမြောက်အများနဲ့ အောင်မြင်နေတဲ့ အမျိုးသမီးငယ်လေး တစ်ဦးဖြစ်လို့နေပါပြီ။

သူမရသမျှ အနုပညာကြေးဟာ မိဘတွေကိုပဲ အမြဲတမ်းထောက်ပံ့ခဲ့တာဖြစ်ပြီး သူမလက်ထဲ မှာတော့ ငွေအများကြီး မထားတတ်ဘူးလို့ဆိုပါတယ်။ ငယ်စဉ်ကတည်းက အလုပ်လုပ်ပြီး တာနဲ့ မိဘကို ငွေပြန်အပ်တာကြောင့် အခုလက်ရှိမှာလဲ ရသမျှငွေကြေးအကုန် မိဘကို ပြန်ပေးတယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း လက်ထဲမှာငွေပြတ်သလိုလိုဖြစ်တာနဲ့ အလုပ် တွေကချက်ချင်းတန်းပေါ်လာတော့တယ်လို့ဆိုပါတယ်။ မိဘကိုပေးကမ်းတာကြောင့် ဖြစ်မယ် လို့လည်း သူမကဆိုပါတယ်။ မိဘအပေါ် သိတတ်တဲ့သားသမီးတွေဟာ ဘယ်တော့မှမကျ ရှုံးပါဘူး။ ကိုယ့်ရဲ့ကျေးဇူးရှင် လက်ဦးဆရာများဖြစ်တဲ့ မိခင်ဖခင်ကို သိတတ်ကျွေးမွေးတဲ့ သားသမီးဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အဆင်ပြေပြေ ဖြတ်သန်းရပ်တည်နိုင်မှာ အသေအချာပါပဲ။

အနုပညာကြေးရသမျှကို မိဘတွေကိုပို့ပေးနေတာဖြစ်လို့ အခုဆိုရင် တော်တော်များများ ဖြစ်နေပြီ လို့လည်း သူမကဆိုပါတယ်။ အနုပညာရှင်ဖြစ်တာကြောင့် သူမကို ဝေဖန်သူအချို့ ရှိပေမယ့် တိုက်ခိုက်တဲ့စကားလုံးတွေကို သူမက လှစ်လျူရှုခဲ့ပြီး ကိုယ်လုပ်ရမယ့် အနုပညာလုပ်ငန်းကိုပဲ အကောင်းဆုံးကြိုးစားသွားတာမို့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ဖို့ အလှမ်းမဝေးတော့ပါဘူး။ ပရိတ်သတ်တွေကို အမြဲတမ်းရယ်မောပျော်ရွှင်စေအောင် ချစ်စရာအမူအရာလေးတွေနဲ့ ဖန်တီး ပေးတတ်တဲ့ ဖြူဖြူထွေးတစ်ယောက် အရင်ကထက် ပိုပို ပြီး မိဘကိုအကျိုးပြုနိုင်တဲ့ သမီးကောင်း ရတနာလေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။

Source – Cele 7 / Photo – Phyu Phyu Htwe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။