အဆိုတော် ကောင်းကောင်းကတော့ သားလေးရဲ့ ဖေဖေ ဖြစ်သွားပါပြီ ။ ချစ်ဇနီး အဆိုတော် Mei Mei က ကျန်းမာတဲ့ သားလေးကို မွေးဖွားပေးလိုက်ပါပြီ ။

၅ ရက်အရွယ်သားသားလေးကတော့ မျက်လုံးလေးတောင်သိပ်မပွင့်သေးပေမယ့် မျက်နှာချိုနေတာပါပဲ ။ ဇနီးသည် Mei Mei က ၅ ရက်နဲ့ ဒီလောက်တောင်ချစ်ဖို့ကောင်းရသလား ကလေးလေးရယ်လို့ ဆိုပြီး သားလေးရဲ့ ပုံလေးကို လူမှုကွန်ယက်ကနေ ပရိတ်သတ်တွေဆီမျှဝေပေးလိုက်တာပါ ။ 

ဆွေမျိုးတွေ ပရိတ်သတ်တွေကတော့ ကောင်းကောင်းတို့ ဇနီးမောင်နှံနဲ့ ထပ်တူ ၀မ်းသာပျော်ရွှင်နေကြပါတယ် ။ ကရင်လူမျိုး ခရစ်ယာန်ဘာသာကိုကိုးကွယ်တဲ့သူတို့ဇနီးမောင်နှံနှစ်ယောက်ကို ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးသံတွေနဲ့ ပြည့်နှက်နေတော့တာပါ ။ နှစ်သစ်မှာ သူတို့အတွက်တော့ သားလေးက မင်္ဂလာတစ်ပါးပါပဲ ။ 

Mei Mei ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပေမယ့် ကောင်းကောင်းကတော့ ပွဲတွေမှာ ဆက်တိုက်ဖျော်ဖြေနေခဲ့တာကိုတွေ့ရပါတယ် ။ သားလေး မွေးဖွားပြီးနောက်ပိုင်းမှာတော့ ၀ါသနာတူ ဇနီးမောင်နှံနှစ်ဦးတွဲပြီး အနုပညာအလုပ်တွေ လုပ်ကိုင်တာပရိတ်သတ်တွေ ကြည့်ခွင့်ရဦးမလားဆိုတာတော့ စောင့်မျှော်ကြည့်ရှုရဦးမှာပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Xiao Mei Mei

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။