သူမကတော့ အနုပညာလောကမှာ အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်စိတ်ဝင်စားမှုတွေရယူထားနုုိင်တဲ့ အိမ်ထောင်ရေးကံကောင်းတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။

သားလေးမွေးဖွားထားတာမကြာသေးတဲ့ သရုပ်ဆောင် မင်းသမီးချော မိုးယုစံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သားဖြစ်သူရဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲလေးကို တခါတည်းလုပ်ဖြစ်ခဲ့ပြီး သားလေးရဲ့ နာမည်အရင်းကိုပါ အားလုံးကို အသိပေးခဲ့ပါတယ်။

မိုးယု သားလေးရဲ့ ကောင်းသိင်္ခမိုးသူ ဆိုတဲ့ နာမည်လေးကို ရက်(၁၀၀)ပြည့်နေ့တုန်းက ဆွမ်းကပ်ဖို့ပင့်ထားတဲ့ အင်းယားကန်ဖျားကျောင်းတိုက်၊ တောင်ပုလုကျောင်းတိုက်က ဆရာတော်ဘုရားက နာမည်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မြန်မာတစ်ပြည်လုံးမှာ တန်ခိုးအရှိန်ဝါကြီးမားပြီး လူထုရဲ့ ကြည်ညိုလေးစားမှုတွေရရှိခဲ့တဲ့ တောင်ပုလုဆရာတော်ဘုရားကြီးကတော့ ပြန်လွန်တော်မူသွားခဲ့တာကြာပါပြီ။

ဒါကို မိုးယုက မီဒီယာတွေကို သူမရဲ့ ကလေးနာမည်ပေးခဲ့တာ တောင်ပုလု ဆရာတော်ကြီးပါ လို့ အမှတ်တမဲ့ ဖြေလိုက်မိတဲ့အတွက် ပရိသတ်အချို့က နားလည်မှုတွေလွဲသွားခဲ့ပါတယ်။

အပြစ်မရှိအပြစ်ရှာကြံပြီး ဝေဖန်နေကြသူတွေကိုတော့ မိုးယုက သူမရဲ့ ဖေ့ဘုတ်မှာ ဟာသလေးနှောပြီး ပြန်တုန့်ပြန်လိုက်ပါတယ်ပရိသတ်ကြီးရေ။

"လူတွေကလည်းနော် အပြစ်မရှိ အပြစ်ရှာကြံပြောဖို့ပဲ စဉ်းစားနေကြလားမသိပါဘူး (တချို့လူများသာဆိုလိုသည် အပြောလွတ်အောင် ထည့်ရေးရသေး) သားသားနာမည်ကို တောင်ပုလုကျောင်းတိုက်ဆရာတော်ကြီးပျံလွန်တော်မူတာကြာပီ ဘယ်လိုပေးလဲ ဆိုပြောထားတာလေးကလေ တောင်ပုလုဆရာတော်ကြီးလို့မရေးထားပါဘူး သားသားရက်၁၀၀တုန်းက အင်းယားကန်ဖျားက တောင်ပုလုကျောင်းတိုက်ကဆရာတော်ကိုပင့်ပီးဆွမ်းကပ်တုန်းက ဆရာတော်က ပေးသွားတာပါ (ဒါကို နည်းနည်းပြန်ပြင်ထားပါတယ်) တောင်ပုလုကျောင်းမှာ ခု သတင်းသုံးနေလို့ တောင်ပုလုဆရာတော်လို့ မီဒီယာတွေမေးတုန်းက လွယ်ကူစွာပြောလိုက်တာပါ မိုးယုကမှားသွားတာပါ ဘာပဲဖြေဖြေ ခုလို နားလည်မှုမရှိတဲ့လူတွေရှိတာမေ့ပီး လွယ်ကူစွာပြောလိုက်မိတာပါ နောက်ဆို ခုလို သေချာရှင်းပြမယ်နော် (ဟာသပဲ လူတွေက )

"" ဆိုပြီး ရေးသားကာ ရုပ်ပြောင်နေတဲ့ Emoji ပုံလေးနဲ့ တင်ထားပါတယ်။

လက်တလောမှာတော့ အနုပညာအလုပ်တွေပြန်လှုပ်ရှားနေပြီဖြစ်တဲ့ မိုးယုဟာ ချစ်စရာကောင်းတဲ့ သားဦးလေးမွေးဖွားထားပေမယ့်လည်း တစ်သားမွေးတစ်သွေးလှ အပျိူလေးအတိုင်းပဲ ဆွဲဆောင်မှုရှိနေဆဲဖြစ်ပါတယ်။

သူမဟာ မင်္ဂလာပွဲကျင်းပချိန်ထဲက မိန်းကလေးပရိသတ်တွေအားကျလောက်တဲ့ အိမ်ထောင်ရေးမျိုးပိုင်ဆိုင်ထားရပြီး မပူမပင်နဲ့ စီးပွားရေးတောင့်တင့်ခိုင်မာတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဇန်နဝါရီလ(၅)ရက်နေ့က သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ရှေ့သွားနောက်လိုက်ညီစွာ ဖက်ရှင်ကျကျနဲ့ အတူတူပွဲတက်လာတာကိုတွေ့ရပါတယ်။

ဒါ့ကြောင့်လည်း သူမကို ချစ်ခင်နေတဲ့ပရိသတ်ရှိသလို မလိုလားတဲ့ ပရိသတ်တွေလည်း ရှိနေတာဖြစ်ပါလိမ့်မယ်။ 

Source :Moe Yu San fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။