နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့်တစ်ယောက် သူမခင်ပွန်းရဲ့လုပ်ငန်း သစ် တစ်ခုကို ဇရပ်လို့အမည်ပေးထားပြီး ပျော်ပွဲရွှင်ပွဲလေးတစ်ခုလုပ်ခဲ့ပါတယ်။ မြန်မာ့ရိုးရာ တူရိယာလေးတွေနဲ့ ဖျော်ဖြေခဲ့ပြီး နှစ်ယောက်သားရဲ့ ရိုးသားပွင့်လင်းတဲ့အပြုံးလေးက တကယ်ကို ချစ်စရာကောင်းလွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ သူမဟာ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အနုပညာလောကမှာ အောင်မြင်မှုကိုကြာရှည်စွာ ထိန်းသိမ်း ထားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ပြီး ချစ်စဖွယ်သားလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားသူပါ။

ယခုချိန်ထိ အလှမပြယ်သေးပဲ လှမြဲလှဆဲ ပြည်သူချစ်မင်းသမီးလေးတစ်ဦးပါပဲ။ သူမ နောက်ဆုံး ရိုက်ကူးထားတဲ့ “ ဆိုင်းကြိုက်တဲ့မောင် ” ဇာတ်ကားဟာလည်း ပရိတ်သတ်တွေ တခဲနက် အားပေးကြမ်းခဲ့ကြတဲ့ ဟာသပညာပေးဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ပရိတ်သတ် တွေက သူမကို ချစ်စနိုးနဲ့ ချစ်သက်လို့ခေါ်ဝေါ်ကြပါတယ်။ သူမဟာ စီးပွားနောက်တစ်ခုအဖြစ် နဲ့ ကလေးအသုံးအဆောင် ပစ္စည်းဆိုင်ကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။ ခင်ပွန်းသည် ဟာလည်း သူမကိုချစ်ခင်ပြီး ပျော်ရွှင်အားကျစရာကောင်းတဲ့ အိမ်ထောင်ရေးလေးတစ်ခုပါပဲ။

သူမဟာ ခင်ပွန်းသည်ရဲ့လုပ်ငန်းမှာလည်း တက်အားသရွေ့ပါဝင်ပွဲတက်သူလည်း ဖြစ်ပါ တယ်။ ဒီနေ့မှာကျင်းပတဲ့ ဇရပ်ခေါင်းစဉ်နဲ့ Staff Party လေးဟာ ချစ်သက်တစ်ယောက် သနပ်ခါးပါးကွက်ကြားလေးနဲ့ ကျစ်ဆံမြီးကိုနှစ်ဖက်ခွဲစည်းထားပြီး အရမ်းကိုချစ်စရာကောင်း နေပါတယ်။ ချစ်စရာကောင်းတဲ့ သူမတို့ဇနီးမောင်နှံနှစ်ဦးရဲ့ ပွဲတက်တဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Thet Mon Myint’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။