Running Man မှာ အရင်တုန်းက အဖွဲ့ဝင် ဂန်ဂယ်ရီနဲ့ ဆောင်းဂျီဟိုတို့ နှစ်ဦးကို Monday Couple ဆိုပြီး PD တွေ တွဲပေးခဲ့ကြပြီး သူတို့ စုံတွဲဟာ Running Man အစီအစဉ်မှာ အရမ်းကို နာမည်ကြီးခဲ့ပါတယ်..။

သူတို့ စုံတွဲကို PD တွေက တွဲပေးခဲ့ကြပေမယ့် အဖွဲ့ဝင်တွေကလည်း ဘေးကနေ တွန်းပို့ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်..။

အခုတစ်ခေါက်မှာ ဂယ်ရီ Running Man အဖွဲ့ထဲက ထွက်သွားပြီးနောက်ပိုင်း ဂွမ်ဆူနဲ့ မိန်းကလေးအဖွဲ့ဝင်ဖြစ်တဲ့ ဆိုမင်တို့ နှစ်ယောက်ကို စုံတွဲတွေအဖြစ် PD တွေက ထပ်မံပြီး တွဲပေးလိုက်ပြန်ပါတယ်..။

အဲ့ဒီလို တွဲပေးလိုက်တဲ့အပေါ် ပရိသတ်တွေကလည်း ဂွမ်ဆူနဲ့ ဆိုမင်တို့ဟာ တကယ်တွဲနေကြလား.. သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကိုလည်း စိတ်ဝင်စားနေကြပြီး လူအများ အာရုံစိုက်နေကြတာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ဇန်နဝါရီ(၄)ရက်နေ့မှာတော့ အစ်ကိုနှာခေါင်းကြီးလို့ လူသိများတဲ့ ဂျီဆော့ဂျင်ဟာ MBC FM4U’s ရဲ့ “2 O’Clock Date It’s Ji Suk Jin” ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ပြီး ဆော့ဂျင်ကို မေးခွန်းလေးတွေ မေးခဲ့ပါတယ်..။

ဂွမ်ဆူနဲ့ ဆိုမင်တို့ဟာ တကယ်တွဲနေတာ မဟုတ်ဘူးဆိုတာကို ပိုင်ဆိုင်သမျှစည်းစိမ်တွေအားလုံးနဲ့ လောင်းရဲလား.. ဆိုပြီး မေးခဲ့တာ ဖြစ်ပါတယ်..။

အဲ့ဒီအခါမှာတော့ ရယ်စရာလေးတွေ ပြောပြီးတော့ ဆော့ဂျင်က မေးခွန်းတွေကို တုန့်ပြန်ခဲ့ပါတယ်..။

“အားလုံးက ဘာလို့ ဒီလိုတွေ လုပ်နေကြတာလဲ.. ကျွန်ပိုင်ဆိုင်မှု အားလုံးနဲ့ လောင်းကြေးဒထပ်တယ်ဆိုတာ မများလွန်းဘူးလား.. ကျွန်တော်လည်း မိသားစုရှိတဲ့ သူပါပဲ..။

ဘယ်သူနဲ့ ဘယ်သူ တွဲနေတယ်ဆိုတာကို မသိချင်ပါဘူး.. ကျွန်တော် ကိုယ့်အကြောင်းကိုပဲ ဂရုစိုက်ဖို့ စိတ်ဝင်စားတယ်..။

ဂွမ်ဆူနဲ့ ဆိမင်တို့ နှ်ယောက်ဟာ ချစ်သူတွေ မဟုတ်သလို တွဲနေတာလည်း မဟုတ်ပါဘူး.. အဲ့ဒါကို ကျွန်တော့ရဲ့ ပိုင်ဆိုင်မှု စည်းစိမ်တင်မဟုတ်ပါဘူး.. အခု ရေဒီယို အစီအစဉ်ထုတ်လုပ်နေတဲ့ ဒါရိုက်တာရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ပုံပြီး လောင်းရဲပါတယ်..” လို့ ဖြေဆိုခဲ့ပါတယ်..။

ဂွမ်ဆူနဲ့ ဆိုမင်တို့ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၃၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ 2017 SBS Entertainment ရဲ့ အကယ်ဒမီဆုပေးပွဲမှာ Running Man မှာ ရယ်စရာ ဟာလုပ်နိုင်ဆုံး စုံတွဲအဖြစ် အကောင်းဆုံး စုံတွဲဆုဖြစ်တဲ့ “Best Couple Award” ဆုကို ရရှိခဲ့ကြပါတယ်..။

Source – Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။