နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့နေတိုးတစ်ယောက် လက်ရှိနောက်ဆုံးရုံတင်ထားတဲ့ ဇာတ်ကား တစ်ကားဖြစ်တဲ့ “ လရောင်ဖြာတဲ့ အင်းလေးမှာ ” ဇာတ်ကားကိုရိုက်ကူးရာမှာ အတော်လေး ပင်ပင်ပန်းပန်းနဲ့ ရိုက်ကူးခဲ့ရတယ်ဆိုတာကို ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ အနုပညာသမားတွေရဲ့ အသက်ဟာ ပရိတ်သတ်ဖြစ်တာကြောင့် သူတို့ဟာအမြဲတမ်း ပရိတ်သတ်တွေ ရင်ထဲမှာစိတ်တိုင်းကျဖြစ်အောင် အစဉ်တစိုက်ကြိုးစား အားထုတ်နေသူတွေဖြစ်ပါတယ်။ နေတိုးဟာလည်း ပရိတ်သတ်အချစ်တော်တစ်ဦးဖြစ်ပြီး အကယ်ဒမီဆုကိုပိုင်ဆိုင်ထားရှိတဲ့ စွယ်စုံရ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။

ခုနောက်ပိုင်းမှာ ခပ်ကြမ်းကြမ်းသရဲဇာတ်ကားတွေကို ရိုက်ကူးလာပြီး ပရိတ်သတ်တွေက လည်း ပိုမိုလက်ခံအားပေးလာတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်မင်းသား တစ်လက်ဖြစ်ပြီး အောင်မြင်မှုကို ဆယ်စုနှစ်ကျော်ကြာထိန်းသိမ်းနိုင်ခဲ့သူတစ်ဦးလည်းဖြစ် ပါတယ်။ ညီဖြစ်သူ မင်းသွေး ကိုလည်း အနုပညာလောကထဲ ခေါ်ဆောင်ပေးခဲ့ပြီး လမ်းသစ် ဖောက်စေခဲ့သူတစ်ဦးဖြစ်ပါတယ်။ အကိုကြီးအဖရာပီသတဲ့အကိုတစ်ယောက်ပါပဲ။ နေတိုး တင်တဲ့ Post တိုင်းမှာ အမြဲတမ်းပါတဲ့ စာသားလေးတစ်ခုဟာ “ ပရိတ်သတ်အတွက် ထာဝရ နေတိုး ” ဆိုတဲ့စာသားလေးပါပဲ။ တကယ့်ကိုကြွေအောင်ချွေတတ်တဲ့ Celebrity ကြီးပါပဲနော်။

လက်ရှိရုံတင်ပြသနေတဲ့ “ လရောင်ဖြာတဲ့ အင်းလေးမှာ ” ဇာတ်ကားကို ပင်ပင်ပန်းပန်း ရိုက်ကူးခဲ့ရပေ မယ့် ပရိတ်သတ်တွေရဲ့အားပေးမှုတွေကြောင့် ပင်ပန်းရကျိုးနပ်ကြောင်းကို နေတိုးက ပရိသတ်အတွက် ဆိုတဲ့စိတ်နဲ့ အကြိမ်ကြိမ် ပြန်ထခဲ့ရသောဇာတ်ကား ပရိသတ်ဆီ ကအခုလိုတွေပြန်ကြားရတော့ အင်အားတွေဖြစ်မိပါတယ်။ ပရိသတ်ပေးသောအားတွေနဲ့ ပရိသတ်အတွက် ....ထာဝရ နေတိုး ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ တကယ်မိုက်တဲ့ ဇာတ်ကားလေးမို့ မကြည့်ရသေးတဲ့ပရိတ်သတ်တွေလည်း သွားကြည့်ဖို့ တိုက်တွန်းလိုက်ပါ တယ်နော်။

Photo – Nay Toe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။