မြန်မာနိုင်ငံနဲ့အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံ ပတ္တယားမြို့ကိုတော့ ကမ္ဘာ့ပြည့်တန်ဆာ မြို့တော်လို့ သိထားကြတာပဲဖြစ်ပါတယ်။နီယွန်မီးရောင်စုံတွေ ထွန်းညှိထားတဲ့ ပတ္တယားမြို့မှာတော့ ပြည့်တန်ဆာ ဦးရေ ခန့်မှန်းခြေ ၂ သောင်း ၇ ထောင်လောက် ရှိနေတယ်လို့The Sun သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ထိုင်းအစိုးရဟာလည်း တရားမဝင်တဲ့ ပြည့်တန်ဆာ အိမ်တွေကို မူဝါဒတခုချမှတ်ပြီး ဖိနှိပ် ဖြိုခွင်းမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင် လာခဲ့ချိန်မှာတော့ သူတို့ရဲ့ အနာဂတ်ဟာ မရေရာတဲ့ အခြေအနေ တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံပြည့်တန်ဆာ အမျိုးသမီး တစ်ဦးကပြောပါတယ်။

ပတ္တယားမြို့မှ လိင်လုပ်သားအများစုဟာ ဆင်းရဲမွဲတေမှုပြဿနာကို ဖြေရှင်းဖို့ ခန္ဓာကိုယ်ကို ရောင်းတဲ့နည်းနဲ့ ဝင်ငွေရှာနေကြတာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တရက် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက် ဘတ် ၃၀၀သတ်မှတ်ထားသော်လည်း ပြည့်တန်ဆာတစ်ယောက်ရဲ့ တစ်ည ဝင်ငွေဟာ ဘတ် ၅ ထောင်ထိ ရရှိနေတာဖြစ်ပြီး သတ်မှတ်တစ်နေ့ လုပ်အားခထက် အဆ ၂၀ နီးပါးရရှိနေကြတာပဲ ဖြစ်ပါတယ်။ 

အဆိုပါ ပတ္တယားမြို့ဆီ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ၁ သန်းလောက် လာရောက်လည် ပတ်နေကြပြီး အများ စုဟာ အနောက်နိုင်ငံသားတွေ ဖြစ်တယ်လို့သိရပါတယ်။သူတို့တွေဟာ ရာနဲ့ချီတဲ့ အဖော်အချွတ် ကပွဲရုံတွေ၊ ကလပ်တွေဆီ သွားရောက် လေ့ရှိကြပါတယ်။ သားပိုက်ကောင်ထောင့်ချိုးလို့ အမည်ပေးထားတဲ့ ဘားတခုမှာ ရောက်နေတဲ့ မဲလ်ဘုန်းမှ အမျိုးသားတဦးကတော့ သူ့ရဲ့ အမြင်ကို ခုလိုပြောပြပါတယ်။“ကျနော် ထိုင်းမိန်း ကလေးတွေကို ပိုသဘောကျတယ်ဗျ။ ကျနော် အမျိုးသမီးပေါင်းများစွာနဲ့ ဆက်ဆံဖူးပါတယ်။ ဒီကမိန်းကလေး တွေ အတွက်ကတော့ ပိုက်ဆံသာ အရေးကြီးတယ်လို့ ကျနော် သိထားတယ်။ ကျနော် ကအချစ်ကို မရှာဖွေ ပါဘူး။”

ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ်တာတွေကို ထိုင်းနိုင်ငံမှာ တ ရားမဝင်ဘူးလို့ ဆယ်စုနှစ် များစွာကတည်းက သတ်မှတ်ထားခဲ့တာဖြစ်ပေမယ့် ဥပဒေပြု သူတွေရော ရဲတွေကပါ ဒါတွေကို မျက်စိ မှိတ် လစ်လျုရှုထားခဲ့ကြတာ ခုထိတိုင်ပါပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးခရီး သွားလာ ရေးဝန် ကြီး ကော့ဘ်ကန် ဝပ်ထနာရန်ကူးက ဒါဟာ နိုင်ငံရဲ့ ပုံရိပ်ကို ကျဆင်းစေတယ်ဆိုပြီး ရှင်းလင်းဖယ်ရှားဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။တချို့ကလည်း ခုလိုဖြိုခွင်းမယ်ဆိုရင် နိုင်ငံရဲ့ စီးပွားရေး ဝင်ငွေထိခိုက်စေပြီး အဲဒီ နယ်ပယ်တွင်း အလုပ်လုပ်ကိုင် နေကြသူတွေဟာ အလုပ်လက်မဲ့တွေ ဖြစ်လာကြမယ်လို့ ပြောကြပါတယ်။ ဝပ်ထနာရန်ကူးကတော့ “ဒီကိစ္စအတွက်နဲ့ချည်း ခရီးသွားတွေ ထိုင်းကိုလာနေ တာမဟုတ်ပါဘူး။ သူတို့ဟာ လှပတဲ့ ရိုးရာယဉ်ကျေးမှု တွေကြောင့် လာနေကြတာပါ။ ကျမတို့ နိုင်ငံကို အရည်အသွေးပြည့်မီတဲ့ ခရီးသွားကဏ္ဍကြောင့် လာတာ ဖြစ်စေချင်တယ်။ ပြည့်တန်ဆာလုပ်ငန်းတွေကိုတော့ မရှိစေချင် တော့ဘူး” လို့ ပြောပါတယ်။ 

သတင်းအရင်းအမြစ် - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။