ဘန်ကီမွန်းရဲ့တူဒဲနစ်ဘန်းဟာအမေရိကန်ပြည်ထောင်စု

နယူးဂျာစီမှာနေထိုင်တဲ့အိမ်ခြံမြေပွဲစားတစ်ယောက်ပါ။

နယူးဂျာစီမှာနေထိုင်ပေမယ့်ဒဲနစ်ဟာမင်ဟတ်တန်မှာအလုပ်

လုက်သူပါ။ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က  အဆောက်အဦတစ်လုံး ရောင်းချနို်င်ဖို့ ကာတာ ဘဏ္ဍာရေး ရန်ပုံငွေအဖွဲ့တစ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်ကို ဒဲနစ်ကလာဘ်ပေးခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုက တရားရုံးကဒနစ်ကိုမကြာသေးခင်ကစွဲချက်တင်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့စွဲချက်တင်မှုဟာမှန်ကန်ပါတယ်

လို့ဒဲနစ်ကဝန်ခံသွားပါတယ်။

ဒဲနစ်ရဲ့အပြစ်ရှိကြောင်းဝန်ခံမှုဟာဦးလေးတော်သူကုလသမဂ္ဂ

အတွင်းရေးမှူးချုပ်ဟောင်းဘန်ကီမွန်းရဲ့ပုံရိပ်ကိုထိခိုက်စေ

ပါတယ်။ဒဲနစ်ရဲ့အဖေဖြစ်သူဟာဒီကိစ္စနဲ့စွဲချက်အတင်ခံထား

ရပြီးထွက်ပြေးလွတ်မြောက်နေပါတယ်။ဒဲနစ်ဟာဘန်ကီမွန်း

ရဲ့တူဖြစ်တာကြောင့်အမေရိကန်သတင်းစာတွေမှာ

သူ့အကြောင်းသတင်းတွေလှိုင်လှိုင်ဝေနေအောင်တွေ့နေ

ရပါတယ်။ဒဲနစ်ဟာသူ့အနေနဲ့လာဘ်ပေးခဲ့ကြောင်းမင်ဟတ်တန်ခရိုင်တရာရုံးမှာဝန်ခံခဲ့ပါပြီးပါပြီ။ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဦးလေးတော်သူဘန်ကီမွန်းအနေနဲ့

ဘာမှမှတ်ချက်မပေးသေးတာကိုတွေ့ရပါတယ်။

ဒဲနစ်ဘန်းဟာကာတာနိုင်ငံကအဖွဲ့အစည်းတစ်ခုကိုဗီယက်နမ်

နိုင်ငံကအဆောက်အအုံတစ်ခုကိုလက်သိပ်ထိုးရောင်းချနိုင်ဖို့

အဆိုပါကာတာအဖွဲ့အစည်းကအတွင်းလူတစ်ဦးကိုလာဘ်းပေး

ခဲ့တာပါ။အမေရိကန်ရှေ့နေအဖွဲ့အစည်းရဲ့အဆိုအရဒဲနစ်ဟာ

ကြားလူအဖြစ်ကာတာအဖွဲ့အစည်းရဲ့အတွင်းလူကိုအမေရိကန်

ဒေါ်လာနှစ်သိန်းခွဲလာဘ်ပေးခဲ့တယ်လို့သိရပါတယ်။အစက

အဆိုပါကိစ္စကိုနယူးယောက်က ဖက်ရှင်ဒီဇိုင်းနာနဲ့ ဘလော့ဂါမဲကွန်ဟဲရစ်လို့ပြောပေမယ့် တကယ်တမ်းတော့ ဟဲရစ်ဟာ ဘယ် ကာတာတာဝန်ရှိသူနဲ့မှ အဆက်အသွယ်လည်းမရှိ၊ ငွေလည်း ယူထားသူမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါအပြင်ဟဲရစ်ဟာ ငွေကြေးခဝါချမှုနဲ့ အောက်တိုဘာလကစလို့ ထောင်ကျနေသူပါ။

Source -NY Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။