၂၀၁၆ အူရီဒူး မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံ ရတနာပုံ အသင်းကြီး၏ ဂိုးနည်ပြ အဖြစ်ထိုင်းလူမျိုး ဂိုးနည်းပြ တစ်ဦးဖြစ်သူ မစ္စတာ ပါရာဆစ် မဟွန်သုံ မှဆောင်ရွက် သွားမည်ဖြစ်သည်။

ရတနာပုံ အသင်းကြီးမှာ လာမည့် ၂၀၁၇ မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲနှင့် အာရှအဆင့် ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည့် အတွက် ပြင်ဆင်လျက်ရှိရာ ထိုင်းလူမျိုး ဂိုးနည်ပြ ဖြစ်သူပါရာဆစ်အား ခေါ်ယူ ခဲ့ခြင်း ဖြစ်သည် ။

ဂိုးနည်ပြ ဖြစ်သူ ပါရာဆစ်က –

“၂၀၁၆ ရဲ့အမှတ်ပေး ချန်ပီယံ ရတနာပုံ အသင်းနဲ့ လက်တွဲခွင့် ရတဲ့အတွက် ၀မ်းသာမိပါတယ် မြန်မာလိဂ်အသင်းတွေထဲမှာ ရတနာပုံ အသင်း အကြောင်း ကျွန်တော်ထိုင်းမှာ ရှိစဉ်ထဲက ကြားခဲ့ပါတယ် ဒီအသင်းကြီးက ကစားသမားကောင်းတွေ လက်ရွှေးစင် ကစားသမားတွေမွေးထုတ်ပေးပြီး စနစ်တကျ တည်ဆောက်ထားတဲ့အသင်းကြီး တစ်သင်းဆိုတာရယ် အရှိန်အဝါကြီးမားတဲ့ အသင်းကြီး တစ်သင်း ဖြစ်တာကိုပါ ကျွန်တော်သိထားပါတယ် ဒီလိုအသင်းကြီးမျိုးနဲ့ ပူးတွဲအလုပ် လုပ်ခွင့်ရတဲ့ အတွက် ကျွန်တော်ကိုကျွန်တော ်ကျေနပ်မိသလိုကျွန်တော် တတ်နိုင်တဲ့ ဘက်ကနေ အစွမ်းကုန် အားဖြည့်သွားဖို့ ဂတိပေးပါတယ်”ဟုပြောကြားခဲ့သည်။

ထိုင်းလူမျိုး ဂိုးနည်ပြ တစ်ဦးဖြစ်သူ ပါရာဆစ်မှာ လက်ရှိအချိန်တွင် ရတနာပုံ အသင်းနှင့် အတူ ပူးတွဲလျက်ရှိနေပြီး ထိုင်းထိပ်သီး ကလပ်များဖြစ်သည့် ဘန်ကောက် ယူနိုက်တက် ၊ ဘီအီစီ တယ်ရိုဆာဆပ်နာ၊မြောင်တောင် အစရှိသည့် အသင်းကြီးများတွင် ဂိုးနည်ပြ အဖြစ် တာဝန်ယူ ဆောင်ရွက် ခဲ့သူတစ်ဦးဖြစ်သည်။

Ref., Yandanarbon FC

Photo - Yadanarbon FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။