ကမ္ဘာစျေးအကြီးဆုံးအရက်လို့တောင် တင်စားထားတဲ့ ဒီဗော်ကာပုလင်းဟာ ပျောက်ဆုံးခဲ့တာဟာနှမျှောစရာပါ။သိုပေ့မဲ့လည်း ကံကောင်းတာတစ်ခုကတော့ ဒီပုလင်းထဲက အရက်ကစျေးကြီးချင်းထက် ဒီပုလင်းက ပိုပြီးတန်းဖိုးကြီးနေခဲ့တာပါ။အခုသီတင်းပတ် အစောပိုင်း တုန်းက ဒိန်းမတ်နိုင်ငံက အရက်ဆိုင်တခုကနေ ပျောက်သွားတဲ့ ကမ္ဘာပေါ်မှာ စျေးအကြီးဆုံးလို့ ယူဆရတဲ့ ဗော့ဒကာ ပုလင်းတလုံးကို အထဲမှာ ဗော့ဒကာ အရက် မပါဘဲ ပြန်တွေ့ခဲ့ပါတယ်။

ဒေါ်လာ ၁.၃သန်းတန် ဗော့ဒကာပုလင်းအခွံကို ကိုပင်ဟေဂင်မြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင် နေရာတခုမှာ လွှင့်ပစ်ထားတာ တွေ့ရတယ်လို့ ရဲက ပြောပါတယ်။

ဒီဗော့ဒကာ ပုလင်းကိုယ်ထည်ကို ရွှေဖြူ ၊ ရွှေဝါတို့နဲ့ ချယ်သထားသလို ပုလင်း အဖုံးထိပ်မှာလည်း စိန်တွေနဲ့စီချယ်ထားပါတယ်။

ဒီပုလင်းကို "House of Cards" ဆိုတဲ့ ရုပ်မြင်သံကြား ဇတ်လမ်းတွဲမှာ ထည့်သွင်း ပြသခဲ့ဖူးပါတယ်။

အခု ပြန်တွေ့ခဲ့တဲ့ ပုလင်းထဲကို အလားတူ ဗော့ဒကာ အရက်တွေ အရင်ကလိုဘဲ ပြန်ထည့်ပြီး စျေးဟောင်းအတိုင်း ပြန်ရောင်းဖို့ စီစဉ်ထားတယ်လို့ အဲဒီ အရက်ဆိုင် ပိုင်ရှင်က ပြောပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။