မင်းပြား ဦးစိုးတင်​့ရပ်​ကွက်​ မီးလောင်ဒဏ်ရာရ ​ဒေါ်စိုးစိုး ကွယ်လွန်သွားပြီ​

(၂၅.၁၁.၂၀၁၆) ရက်နေ့ က မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက် မီးလောင်မှုကြောင့် မီးလောင်ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြသည့် လူနာ ၅ ဦးအနက် မင်းပြားမြို့နယ်​၊ ကေသလာချောင်းဝ ကျေးရွာမှ (ဘ) ဦးမောင်စံလှ၏ သမီးဖြစ်သူ ဒေါ်စိုးစိုး (အသက်-၃၅) နှစ် သည် (၂၉.၁၁.၂၀၁၆) ယ​နေ့ ည (၈း၂၀) အချိန်ခန့်က စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဒေါ်စိုးစိုး၏ ရုပ်အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုလ် ဆောင်ရွက်ပေးနိုင်ရေးအတွက် မင်းပြားမြို့နယ် နာရေးကူညီမှုအသင်း (စစ်တွေ) မှ ကူညီဆောင်ရွက် ပေးနေကြောင်း စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေသည့် မင်းပြားမြို့နယ် နာရေးကူညီမှုအသင်း (စစ်တွေ) မှ ဦးကျော်ညွန့်မောင် က ပြောသည်။

" လောလောဆယ် ရင်ခွဲရုံသွင်းဖို့ လုပ်နေကြတယ်။ မနက်ဖြန်မနက်မှ မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး သူတို့ရဲ့ သဘောဆန္ဒအတိုင်း အတတ်နိုင်ဆုံး ကူညီပေးဖို့ လုပ်ထားပါတယ်။ လိုအပ်ရင် စစ်တွေမြို့ နာရေးကူညီမှုအသင်း၊ မင်းပြားမြို့ နာရေးကူညီမှုအသင်းတို့နဲ့ ချိတ်ဆက် ဆောင်ရွက်သွားပါမယ်။" ဟု ဦးကျော်ညွန့်မောင် က ဆိုသည်။

ကျန် လူနာ ၄ ဦးမှာ လက်ရှိ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်မှုရှိကြောင်း လူနာမိသားစုဝင်များထံမှ သိရှိရသည်။

Credit : မင်းပြား - သတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။