ဆီးဖြူသီးစားရရင်ငယ်ဘဝကို သတိရစေပါတယ်။ ငယ်ငယ်တုန်ဆိုရင် ဆီးဖြူပင်ကကို မဆင်းဘူး။တော်တော်လည်း ကြိုက်နှစ်သက်တဲ့အသီးပါ။ ငယ်ငယ်တုန်းကတော့ ကျန်းမာရေးအတွက်သင့်တော်လားဆိုတာကိုတော့ မသိခဲ့ဘူး။ ခုမှ ဆီးဖြူသီးက ကျန်းမာရေးအတွက်တောင်မကဘဲ အမျိုးသမီးတွေအတွက် အလှပရေးရာမှာလည်း တော်တော် လေးအသုံးဝင်တာကို တွေ့ရပါတယ်နော်။သူ့ကိုစားလိုက်ပြီး ရေသောက်လောက်ရင်တော့ ချိုလိုက်တာ အဲအရသာ ကဘယ်တော့မှ မမေ့ပါဘူး။ အထက်တန်းကျောင်းတုန်ကဆို ငရုတ်မှုန့်နဲ့တို့စား ၊ ငပိရည်နဲ့တို့စား၊ တော်တော်ကြိုက် ပေါ့။ မြန်မာနိုင်ငံမှာတော့ နေရာဒေသမရွေးပေါက်ရောက်ပေမဲ့ အထူးသဖြင့် မြန်မာပြည်အထက်ပိုင်း၊ မျှမျှတတအေး တဲ့ဒေသတွေမှာတော့ အများကြီးတွေ့နိုင်ပါတယ်။

ဆီးဖြူသီးကို euphorbiaceae (ကြက်ဆူပင်မျိုးရိုး)ဖြစ်ပါသတဲ့ ။ အင်္ဂလိပ်လိုကတော့ enblicmyrobalan ၊အိန္နိယလို indian gooberry၊ ကချင်လိုကတော့ chyahkya၊ ကရင်လိုအမည်က taya၊ ချင်းလူမျိုးများအတွက်နာမည်က ku-hly၊ မွန်နာမည်က sot-talwe၊ရှမ်းအမည်ကတော့ hkam; mai-mak-hkam စသည့်ဖြင့်ခေါ်ဝေါကြပါတယ်ရှင့်။ဆီးဖြူ သီးကတော့ သဘာဝအလျောက်ပေါက်ရောက်တဲ့အသီးဖြစ်ပါတယ်။ ဆီးဖြူသိီးရဲ့ အသီး၊ အရွက်၊ အစေ့တွေကသာ အသုံးဝင်ပါတယ်။ချိုချဉ် ၊ဖန်အရသာရှိတဲ့ ဆီးဖြူသီးဟာ အစားကိုချေဖျက်နှုန်းမြန်စေပြီး ဆီး၊ဝမ်း၊ မီးကိုတောက်စေ ပါတယ်။ အပူကိုငြိမ်းစေပါတယ်။ချောင်ဆိုး၊ပန်းနာ၊လေနာတွေအတွက် ဆီးဖြူသီးကပျေက်ကင်းစေပါတယ်။ ဆီးဖြူ သီးစားရင်အသက်ကိုရှည်စေပါတယ်။ ဆီးဖြူသီးအစိမ်းကိုထောင်းပြီး အရည်ညှစ် သံပုရာရည်နှင့်ရောသောက်လျင် သွေးဝမ်းသွားခြင်းကို ချက်ချင်းသက်သာစေပါတယ်နော်။

အရေပြားမှာဖြစ်တတ်တဲ့ ယားနာ၊ ပွေးညှင်း၊ တင်းတိပ်၊တွေအတွက် ဆီးဖြူသီးအခြောက်(သို့မဟုတ်) အစိုးကို သွေး ပြီး သံပုရာရည်နည်းနည်းနှင့်ရောကာ ဖြစ်တဲ့နေရာလိမ်းပေးပါက ပျေက်ကင်းစေပါတယ်။ဆီးပုပ်ရောဂါအတွက် ဆီးဖြူသီးခြောက်မှုန့်ကို ထန်းလျက် ပျားရည်၊သကာရည်နှင့်ရောဂါ နယ်စားပေးပါကပျေက်ကင်းပါတယ်။သွေးဝမ်းကျ ရောဂါအတွက် ငါးရှဉ့်သားနှင့်ချက်စားပါက ပျေက်ကင်းစေပါတယ်။နှာခေါင်းသွေးလျှံခြင်းအတွက် တော့ဆီးဖြူသီးကို ညက်အောင်ကြိတ်ပြီး ထိပ်အုံပေးပါ။ဆီးချိုရောဂါအတွက် တောဆီးဖြူ ၊တောင်ဆီးဖြူ ၊မြေဆီးဖြူ ၊ပဥ္ဒငါးပါးပြုတ် သောက်ရင်လည်းပျေက်ကင်းစေပါတယ်။ ဆီးဖြူသီးရဲ့အရွက်ကိုရေ ၃ ခွက်တစ်ခွက်တင်ကျို၍ အရည်ကိုပလုတ် ကျင်းပေးရင်လည်း လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ရေစီးကမ်းပြိုခြင်းများကို ပျေက်ကင်းစေပါတယ်။မီးလောင်နာ၊ရေနွေး ပူလောင်ခြင်းအတွက် ဆီးဖြူရွက်ကိုကျွတ်အောင်လှော်ပြီးအမှုန့်ကိုဖြူးပေးပါက သက်သာစေပါတယ်နော်။ဆီးဖြူသီး ရဲ့အစေ့ကိုထုထောင်းပြီး ရေနွေးနှင့်ပြုတ်ြ့ပီးသောက်ပေပါက မျက်စိရောဂါတေကိုသက်သာစေနိုင်ပါတယ်။ အားလုံး ပဲကျန်းမာရွင်လန်းကြပါစေ။

Source : -မြန်မာ့ဆေးဝါး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။