ရထားပြေးဆွဲခြင်းမရှိတော့သည့် ပြည်-ပေါက်ခေါင်းရထား သံလမ်းများနှင့် ဇလီဖားတုံးများကို ပြန်လည်ဖျတ်သိမ်းပြီးဖြစ်ကြောင်း မြန်မာ့ မီးရထားမှ အငယ်တန်း အင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့ပါတယ်။ မြန်မာ့မီးရထားရုံးချုပ်ညွန်ကြားချက်အရ ပြီးခဲ့သည့် နှစ်ဇွန်လမှ စတင်ဖျတ်သိမ်းခဲ့ရာ ယခုနှစ်ဇန်နဝါရီ ၆ ရက်တွင် သံလမ်းအားလုံးပြန်လည် သိမ်းဆည်းပြီး ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ 

‘‘ကွန်ကရစ်ဇလီဖားတုံးတွေ ကိုတော့ အောင်လံ- ပြည် ရထား လမ်းက လိုအပ်တဲ့နေရာတွေမှာ ပြောင်းရွှေ့အသုံးပြုနေပါတယ်။ သံလမ်းတွေကိုတော့ ရွှေတံခါးဘူ တာမှာပဲ သယ်ယူစုပုံထားပါ တယ်။ ပေါက်ခေါင်း-ပြည်ရထား လမ်းက ဘူတာအဆောက်အအုံ တွေကို ဘာဆက်လုပ်ရမယ်ဆို တာကိုတော့ ညွှန်ကြားချက်မရှိ သေးပါဘူး’’ဟု ၎င်းက ပြောပြခဲ့ပါတယ်။ပြည်-ပေါက်ခေါင်းရထားလမ်းသည် ၂၄ မိုင်ရှည်ပြီး ၂၀၀၉ စက်တင်ဘာတွင် စတင်ပြေးဆွဲခဲ့ကာ မီးရထားလမ်းတစ်လျှောက် ခေတ္တရာမြို့သစ်၊ လမ်းဆုံ၊ ရွှေတံခါး၊ ပေါင်းတလည်၊ အင်ငါးခွ၊ နည်းပညာတက္ကသိုလ်၊ ပေါက်ခေါင်းဘူတာတို့ရှိသည်။ ပြည်-ပေါက်ခေါင်းရထားခရီးစဉ်များကို လေးနှစ်နီး ပါးပြေးဆွဲခဲ့ပြီး ခရီးသည်စီးနင်းလိုက်ပါမှုနည်းသဖြင့် တိုင်းဒေသကြီးအစိုးရထံတင်ပြကာ ၂၀၁၃ အောက်တိုဘာ ၁၅ ရက်မှစတင်၍ ရထားပြေးဆွဲမှုရပ်နားခဲ့သည်။  

ယခုအခါ ရထားသံလမ်းများကို အပြီးတိုင်ဖျက်သိမ်းကာ ပြန် လည်သိမ်းဆည်းထားပါတယ်။ ‘‘ရထားမဆွဲတော့ ရထား လမ်းမှာတော့ အပင်တွေပေါက် တယ်။ သံလမ်းတွေ သံချေးတွေ တက်ပြီး တချို့ဇလီဖားတုံးတွေ ဆွေးမြည့်ပျက်စီးတာတွေရှိတယ်။ ထိန်းသိမ်းရတာနဲ့ မဆွဲမယ့်အတူ ပြန်သိမ်းပြီး လိုအပ်တဲ့နေရာမှာ အသုံးချလိုက်တာ ကောင်းပါ တယ်။ အခုက လမ်းပန်းဆက် သွယ်ရေးတွေလည်း ကောင်းလာ တော့ ဒီရထားလမ်းကြီးက အပိုပါ ပဲ။ ပေါက်ခေါင်းနဲ့ ပြည်ကတော့ သွားစရာရှိရင် ဆိုင်ကယ်တို့၊ ကား နဲ့ပဲ သွားရတာ အဆင်ပြေတယ်’’ ဟု ပြည်မြို့ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

Source - 7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။