နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခိုင်သင်းကြည်တစ်ယောက် ရေးမြို့မှာ “ တောပေါက် မြို့ပေါက် ” ဇာတ်ကားကို မနေ့ကစတင်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ပုံစံလေး ပြင်ဆင်ထားပြီး တကယ့်ရွာသူလေးတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပုံလေးအတိုင်းပါ ပဲ။ မင်းသားကတော့ အားလုံးရဲ့အချစ်တော် ဗိုလ်အောင်ဒင်ကြီး မြင့်မြတ်ပဲဖြစ်ပါတယ်။ နှစ်ယောက်သား က ဘယ်လိုတွေလိုက်လိုက်ဖက်ဖက်နဲ့ ဇာတ်လမ်းတစ်ခုလုံးကို သရုပ်ဖော် သွားမလည်းဆိုတာတော့ ပရိတ်သတ်ကြီးက ရင်ခုန်စွာနဲ့စောင့်မျှော်ရမှာပါပဲ။

သူမဟာအောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး အနုပညာသက်တမ်းဟာဆိုရင်ဆယ်စုနှစ် နှစ်ခုစာလောက်တိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ယခုချိန်ထိအောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူပဲ ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စဖွယ်သမီးလေး စံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ထိပ်လေးဟာ ပြီးခဲ့တဲ့ 2017 က ဆယ့်ငါးနှစ်ပြည့်သွားပြီပဲ ဖြစ်ပါတယ်။ အမေ့ခြေရာနင်းမယ့်သမီးလေးဖြစ်တာမို့ လက်ရှိမှာ ကြော်ငြာလေးတွေရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သမီးလေးက အသွက်ကလေး ဖြစ်တာကြောင့် ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းချက်တွေရှိပေမယ့် သူမကတော့ သမီးသိပ်လုပ် နိုင်ဦးမှာမဟုတ်လို့ လက်မခံခဲ့ဘူးလို့ဆိုပါတယ်။

သူမရဲ့ Facebook မှာ ဒီနေ့ရေးမြို့မှာစရိုက်တယ်ရှင် "တောပေါက်မြို့ပေါက်" ရုပ်ရှင် ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ တောသူလေးအဖြစ် သနပ်ခါးပါးကွက်ကြား လေးနဲ့ တကယ်ကို ချစ်စရာကောင်းလွန်းနေပါတယ်။ ရေးမြို့သူမြို့သားတွေနဲ့လည်း ဓာတ်ပုံ အတူတူ ရိုက်ကူးထားတဲ့ပုံလေးတွေကလည်း တကယ်ကိုသိုက်သိုက်ဝန်းဝန်းနဲ့ ချစ်စရာ ကောင်းလွန်းနေပါ တယ်။ အသက်လေးဆယ်ကျော်အမျိုးသမီးလို့မထင်ရလောက်အောင်ကို နုပျိုလွန်းတဲ့ မခိုင်လေးရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo – Khine Thin Kyi’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။