မြန်မာနိုင်ငံရဲ့အနောက်ဘက်စွန်းစွန်းမှာ တည်ရှိတဲ့ ရခိုင်တိုင်းရင်းသားတို့နေထိုင်ရာ မောင်တောမြို့ဧ။်အခြေအနေမှာ ယခုအချိန်ထိတည်ငြိမ်မှုမရရှိနိုင်သေးပါ။ မကြာခဏဆိုသလို နိုင်ငံရေးပဋိပက္ခမှုတွေ ဖြစ်ပွားနေပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကျောက်ပန္တုကျေးရွာမှာ မနေ့ မနက်ပိုင်းက မသင်္ကာဖွယ် အထုပ်ထဲကနေ ဒေသန္တရလက်လုပ်မိုင်းတွေ တွေ့ရှိခဲ့တယ်လို့ တပ်မတော်ကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ကျောက်ပန္တုကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက မသင်္ကာဖွယ်အထုပ် ၁ ထုပ် တွေ့ရှိကြောင်း သတင်းတေးတိုင်ကြားမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာ လက်လုပ်မိုင်းများဖြစ်နေသဖြင့် ၄င်းမိုင်းများကိုရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။

တွေ့ရှိချက်တွေကတော့ ကျေးရွာရဲ့အရှေ့ဘက် မီတာ ၁၅၀၀ လောက်အကွာရှိ ချုံပုတ်အတွင်း ပလတ်စတစ်အိတ်ထဲမှာ သံပိုက်နဲ့ ပြုလုပ်ထားတဲ့ ရီမုလက်လုပ်မိုင်း ၁ လုံးနဲ့ လက်လုပ်ရှော့ခ်တိုက်မိုင်း ၃ လုံး၊ ကားပစ်စတင်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ် ရှော့ခ်တိုက်မိုင်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

source-DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။