ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်း ၄နာရီ ၄၅ မိနစ်ခန်တွင် ကားတစ်ဦးရေထဲပြုတ်ကျမှုဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်မှာ မြောက်ဒဂုံ ၃၃ ရပ်ကွက်အတွင်းရှိ ဆရာစံလမ်းအတိုင်းမောင်းနှင်လာသော မော်တော်ယာဉ်တစ်ဦးသည် အရှိန်မထိုင်းနိုင်ပဲ ငါးမာန်အောင်ဘုရားလမ်းဆုံအရောက်တွင် ငမိုးရိပ်ချောင်းအတွင်းသို့ ပြုတ်ကျနစ်မြုပ်ခဲ့ခြင်းဖြစ်ပါတယ်။ 

ထိုကားသည် hondafit ယာဉ်အမျိုးအစားဖြစ်ပီး အရောင်ကတော့ ခဲရောင်ဖြစ်ပါတယ်။ အဆိုပါ ုကားပေါ်တွင် ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် ဘေးမှလိုက်ပါစီးနင်းသူ အမျိုးသားတစ်ဦးပါဝင်တယ်လို့လဲသိရှိရပါတယ်။ရှာဖွေမှုတွေဆက်တိုက်လုပ်နေပေမယ့် အခုချိန်ထိ တွေ့ရှိမှုမရှိပေးပါဘူးလို့လဲသိရပါတယ်။

သက်ဆိုင်ရာအနေနဲ့ အဆိုပါဖြစ်စဉ်ကိုသတင်းရရှိသည်နှင့်တပြိုင်နက် ရှာဖွေမှုတွေပြုလုပ်နေပါတယ်။ ရှာဖွေမှုပြုလုပ်ရာတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမှ မီးသတ်ယာဉ်တစ်စီး ဒဂုံမြို့သစ်မြောက်ပိုင်းမီယသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး ၊ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး ၊Ambulance တစ်ဦး အသုံးပြုထားပါတယ်။ ထို့အပြင်နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးသတ်ယာဉ်တစ်စီး ၊ Ambulance တစ်စီး၊ မီးသတ်အသက်ကယ်လှေ တစ်စီးပါ ပါဝင်တယ်လို့သိရပါတယ်။ဤသတင်းကို ထပ်မံသိရှိရတာနဲ့ ပရိတ်သတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးသွားပါမယ်ခင်ဗျ အားပေးတဲ့ပရိတ်သတ်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

Source..  Myanmar daily news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။