မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆယ်တာဗီကိုအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၈၀ ကျော်မှာ ဆယ်တာဗီကို အသင်းရဲ့ ချေပဂိုးကိုခွင့်ပြုခဲ့ရတာကြောင့် သရေတစ်မှတ်စီခွဲယူခဲ့ရတာလည်းဖြစ်ပါတယ်။ယခုသရေပွဲရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ရမှတ် ၃၂ မှတ် နဲ့ အဆင့် ၄ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ဇယားထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့ ၁၆ မှတ် ကွာဟနေခဲ့တာလည်းဖြစ်ပါတယ်။ 

ဆယ်တာဗီကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂိုမက်ဇ်၊ စစ်စတို၊ အဲပတ်၊ ဝက်စ်၊ ရာဒိုဂျာ၊ ဟာနန်ဒက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စီရော်နယ်ဒို၊ ဂါရတ်ဘေလ်း၊ အစ္စကို၊ ကရူး၊ ကတ်စမဲရိုး၊ မိုဒရစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆယ်တာဗီကို အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို မာမာထန်ထန် တုံ့ပြန်ကစားနိုင်ခဲ့တာကြောင့် သရေတစ်မှတ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အဖွင့်ဂိုးကိုတော့ ဆယ်တာဗီကို အသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ၃၃ မိနစ်မှာ ဒန်နီရယ်ဝက်စ် ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက်ချေပဂိုးကိုတော့ ၃၆ မိနစ်မှာ ဂါရတ်ဘေလ်း ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၂ မိနစ်အကြာမှာပဲ ဂါရတ်ဘေလ်းက ရီးရဲလ်မက်ဒရစ် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။၈၂ မိနစ်မှာတော့ ဂိုမက်ဇ်က ဆယ်တာဗီကို အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။