မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားပြိုင်ပွဲ တတိယအဆင့်မှာ နော်ဝှစ်အသင်းနဲ့ ချဲလ်ဆီးအသင်းဟာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။သရေပွဲရလဒ်ကြောင့် ချဲလ်ဆီးအိမ်ကွင်းမှာ နောက်တကျော့ ပြန်လည်ကန်သွားရမှာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းကတော့ နှစ်ပွဲဆက် သရေကျခဲ့တာလည်းဖြစ်ပါတယ်။

နော်ဝှစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မက်ဒီဆင်၊ မာဖီ၊ ပရစ်ချက်၊ ထရီဘူး၊ ပင်တို၊ လူးဝစ်၊ အလက်ဇန်းဒါးတက်တီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပတ်ဒရို၊ ဘတ်ရှုအာရီ ၊ ဝီလီယံ၊ ကနေဒီ၊ ဘာကာယိုကို၊ ဒရင့်ဝါးတား၊ ဇာပါကော်စတာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ နော်ဝှစ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၆ ကြိမ်လောက် ကန်သွင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပေမဲ့ နော်ဝှစ်အသင်းရဲ့ နောက်တန်းနဲ့ ဂိုးသမားတွေ အကောင်းဆုံး တားဆီး နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၇၀ ကျော်မှာတော့ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှုး ဘတ်ရှုအာရီနေရာမှာ မိုရာတာကို လူစားလဲထည့်သွင်းကစားစေခဲ့ပါတယ်။သို့သော် ပွဲပြီးဆုံးတဲ့ အချိန်အထိ ဂိုးရလဒ်ကိုတော့ ပြောင်းလဲနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။