မြန်မာနေရှင်နယ်လိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ရန်ကုန်

အတွက်ဒီနှစ်ဘောလုံးရာသီမှာအနိုင်ချင်ဆုံးအသင်းကရှမ်း

ယူနိုက်တက်အသင်းပဲဖြစ်မှာပါ။မနှစ်ကဘောလုံးရာသီမှာ

ရှမ်းဟယရန်ကုန်ကိုအမှတ်ပေးပြိုင်ပွဲမှာရောဗိုလ်ချုပ်ဒိုင်း

မှာပါအလဲထိုးနိုင်ခဲ့ပါတယ်။ဒါပေမယ့်မနေ့ကချာရတီဖလား

ပွဲမှာတော့ရှမ်းကရန်ကုန်ကိုရှုံးကြွေးပြန်ဆပ်ခဲ့ပါတယ်။

ဒါပေမယ့်လွယ်လွယ်ကူကူတော့မဟုတ်ခဲ့ပါဘူး။ရှမ်းကို

ခက်ခက်ခဲခဲအနိုင်ယူနိုင်တဲ့အတွက်ပရိသတ်တွေကစားသမား

တွေနည်းပြတွေအကုန်ပျော်နေကြပါတယ်။

ရန်ကုန်နည်းပြဦးမျိုးမင်းထွန်းကဖလားနှစ်လုံးချန်ပီယံဖြစ်တဲ့

ရှမ်းယူနိုက်တက်ကိုအနိုင်ရပြီးချာရတီဖလားရယူနိုင်ခဲ့လို့

ပိုပြီးဂုဏ်ယူမိတယ်လို့ရန်ကုန်နည်းပြမျိုးမင်းထွန်းကပြောပါ

တယ်။"ပြီးခဲ့တဲ့ဘောလုံးရာသီမှာရန်ကုန်ကဖလားနှစ်လုံး

လွှဲချော်ခဲ့ပြီးရှမ်းကဖလားနှစ်လုံးရခဲ့ပါတယ်။ဒီနှစ်အစမှာ

ရှမ်းကိုနိုင်ပြီးချာရတီဖလားရခဲ့လို့အရမ်းကိုဂုဏ်ယူမိတယ်"

လို့မျိုးမင်းထွန်းကသူ့ရဲ့ပီတိကိုပြောပြပါတယ်။ရန်ကုန်ယူနိုက်တက်ပလေယာအသစ်ဖြစ်တဲ့မောင်မောင်လွင်

ကလည်းမနေ့ကပွဲအနိုင်နဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။

"ရာသီကြိုကွင်းဖွင့်ဖလားမှာရှမ်းယူနိုက်တက်ကိုအနိုင်ရခဲ့လို့

အမှတ်ပေးပြိုင်ပွဲအတွက်ဖိအားကင်းသွားပြီးယုံကြည်မှုလည်း

ပိုရှိလာတယ်"လို့သူကပြောပါတယ်။ရှမ်းအသင်းနည်းပြ

စိုးမြတ်မင်းကတော့"နှစ်သင်းစလုံးအကောင်းဆုံးကစား

ခဲ့ကြတာပါ။ကျွန်တော်တို ့အားနည်းချက်တွေရှိသေးတာ

သိခဲ့ရပြီးပြင်သင့်တာပြင်သွားမှာပါ"လို့ပြောပါတယ်။

"ဒီလူအင်အားနဲ့ဆိုအခုထက်ပိုကောင်းအောင်ကစား

နိုင်တယ်။ရာသီသစ်အတွက်အကောင်းဆုံးပြင်ဆင်

နေပါပြီ"လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

Source-Shan & Yangon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။