တစ်ချိန်ကမလေးရှားနိုင်ငံလို့ဆိုလိုက်တာနဲ့မဟာသီယာ

မိုဟာမက်ရဲ့နိုင်ငံလို့တွဲမြင်ရအောင်ကိုပဲနိုင်ငံရေးပုံရိပ်

ကြီးမားလှတဲ့နိုင်ငံရေးသမားဟောင်းကြီးဟာမလေးရှား

နိုင်ငံရေးလောကထဲပြန်လည်ဝင်ရောက်လာတော့မှာပါ။

အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ မဟာသီယာဟာမလေးရှားကို၁၅နှစ်တိုင်တိုင်ဝန်ကြီးချုပ်

အဖြစ်အုပ်ချုပ်ခဲ့ဖူးပါတယ်။မလေးရှားရွေးကောက်ပွဲဟာ

တဖြည်းဖြည်းနီးကပ်လာပြီးပါလီမန်သက်တမ်းဟာ၂၀၁၈ သြဂုုတ်လမှာ ကုုန် မှာပါ။ပါလီမန်သက်တမ်းမကုန်ခင်မှာ

ရွေးကောက်ပွဲကိုကျင်းပမှာဖြစ်ပြီးမဟာသီယာဟာအဆိုပါ

ရွေးကောက်ပွဲမှာဝန်ကြီးချုပ်နေရာဝင်အရွေးခံမှာပါ။

လက်ရှိဝန်ကြီးချုပ်နာဂျစ် နဲ့ အာဏာရ ပါတီဟာ1MDB ငွေကြေးအရှုတ်တော်ပုုံနဲ့ နာမည်ပျက်နေပါတယ်။မဟာသီယာကိုယ်တိုင်လည်းအဆိုပါကိစ္စကိုအတိအလင်း

ဝေဖန်ထားပါတယ်။မဟာသီယာဟာဒုဝန်ကြီးချုပ်ဟောင်း

အန်ဝါနဲ့မဟာမိတ်ဖွဲ့ထားပါတယ်။လောလောဆယ်တော့

အန်ဝါဟာအကျဉ်းထောင်ထဲရောက်နေပါတယ်။

အန်နဝါထောင်ထဲရောက်နေတာကြောင့်မဟာသီယာ

ဟာနာဂျစ်ရာဇတ်အတွက်ရွေးကောက်ပွဲမှာအကြီးမားဆုံး

သောပြိုင်ဘက်ဖြစ်လာမှာပါ။

မဟာသီယာနဲ့နာဂျစ်ရာဇက်ဟာအရင်တုန်းကပါတီတစ်ခု

တည်းပါပဲ။ဒါပေမယ့်မဟာသီယာဟာနာဂျစ်ရဲ့လုပ်ရပ်တွေကို

လက်မခံနိုင်တာကြောင့်ခွဲထွက်လာခဲ့တာပါ။အတိုက်အခံ လေးပါတီ ညွှန့်ပေါင်းအဖွဲ့က ခေါင်းဆောင်တွေဟာမနေ့က ပါတီညီလာခံမှာ အများရဲ့ထောက်ခံမှုနဲ့ ရွေးကောက်ပွဲဝင်ဖို့

မဟာသီယာကိုရွေးချယ်ခဲ့ကြတာပါ။လာမယ့်ရွေးကောက်ပွဲဟာမဟာသီယာပါလာတာကြောင့်

စိတ်ဝင်စားဖို့အလွန်ကောင်းသွားပြီးမဟာသီယာသာဝန်ကြီး

ချုပ်ဖြစ်လာရင်တော့ကမ္ဘာ့အသက်အကြီးဆုံးဝန်ကြီးချုပ်

ဖြစ်လာမှာပါ။

Source-Strait times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။