နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ နေတိုးတစ်ယောက် Salute Fashion အတွက် Photo Shooting ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ လူငယ်ဆန်ဆန်လေးနဲ့ အရမ်းမိုက်တဲ့ပုံစံလေး တစ်ခုကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် အံဝင်ဂွင်ကျ သရုပ်ဖော် နိုင်တာကြောင့် ပရိတ်သတ်အချစ်တော် စွယ်စုံရမင်းသားချောတစ်လက်ဖြစ်နေတာပါ။ လက်ရှိနောက်ဆုံး ရုံတင်ပြသခဲ့တဲ့ “ လရောင်ဖြာတဲ့ အင်းလေးမှာ ” ဇာတ်ကားကိုလည်း အတော်လေး ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့ရတဲ့အကြောင်းကို နေတိုးကသူ့ရဲ့ Facebook မှာ ပြောပြထားပါတယ်။

ဒီဇာတ်ကားဟာလည်း ပရိတ်သတ်အားပေးမှုကြမ်းခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး ရှေ့က ရုံတင်ခဲ့တဲ့ “ တာတေကြီး ” ဇာတ်ကားဟာလည်း ပရိတ်သတ်တွေ ဝက်ဝက်ကွဲအားပေးခဲ့ကြ ပြီး ဒီဇာတ်ကားနဲ့ အကယ်ဒမီရရှိဖို့လည်း မျှော်မှန်းထားကြပါသေးတယ်။ နေတိုးဟာ အကိုကြီးအဖရာပီသစွာနဲ့ပဲ ကိုယ်အောင်မြင်မှုတွေ ရရှိနေတဲ့အချိန်မှာ ညီဖြစ်သူ မင်းသွေး ကိုလည်း အနုပညာလောကထဲကို လက်တွဲခေါ်ခဲ့သူပဲဖြစ်ပါတယ်။ ညီအကိုနှစ်ယောက်လုံး ဟာ အနုပညာလောကမှာ အသီးသီး အောင်မြင်နေသူတွေအဖြစ် ရပ်တည်နေကြပြီပဲဖြစ်ပါ တယ်။

နှစ်ယောက်လုံးကိုလည်း အားပေးချစ်ခင်တဲ့ ပရိတ်သတ်ကိုယ်စီနဲ့ အောင်အောင်မြင်မြင် ရပ်တည်နေတာပဲဖြစ်ပါတယ်။ နေတိုးရဲ့ လူငယ်ဆန်ဆန်အင်္ကျ ီလေးနဲ့ Photo Shooting က ပုံရိပ်လေးတွေက နှုတ်ခမ်းနီမလေးတွေကို အပြတ်အသတ်ဆွဲဆောင်လို့နေပါတယ်။ အမိုက် စားပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပြီနော်။

Photo – Nay Toe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။