ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒလစ်မြို့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။လူနည်းစု သူပုန်အဖွဲ့ ဌာနချုပ်ကို ပစ်မှတ်ထား ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

လူနာတင်ယာဉ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းအများအပြားဟာ ပြိုပျက်နေသောတိုက်တွေကြား ပိတ်မိနေတဲ့ ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူအလောင်းများကို လာရောက်ကယ်ဆယ်ခဲ့ကြတယ်လို့လည်း ေစောင့်ကြပ်အဖွဲ့ကပြောကြားခဲ့ပါတယ်။အစ်ဒလစ်ဟာ သူပုန်ခံတပ်စခန်းတည်ရှိရာ ပြည်နယ်ဖြစ်ပြီး တူရကီနယ်စပ်မှာ တည်ရှိတာပါ။

အဲဒီပြည်နယ်ဟာ သမ္မတ ဘရှာအယ်အာဆတ်ကို တော်လှန်နေမှုအပေါ် ထောက်ခံတဲ့ ပြည်နယ်တွေထဲက တခုဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။  

source-Dvb tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။