လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မန်ယူအသင်းနဲ့ ၀က်စ်ဟမ်းအသင်းတို့ တွေ့ဆုံရာမှာတော့ မန်ယူအသင်းက ၀က်စ်ဟမ်းအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ပွဲချိန် ၂မိနစ်အတွင်းမှာပဲ အီဘရာမိုဗစ်က ၂မိနစ်အတွင်းမှာ အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာတော့ ၀က်စ်ဟမ်းအသင်းက ဖလက်ချာရဲ့ သွင်းဂိုးနဲ့အတူ ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ ထိုနောက် ပထမပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန်သွင်းယူနိုင်ခြင်းမရှိဘဲ ဒုတိယပိုင်းမှာ ပွဲချိန် ၄၈ မိနစ်နှင့် ပွဲချိန် ၆၂ မိနစ်မှာ မာစီယဲလ်၊ ပွဲပြီးခါနီးမှာတော့ အီဘရာမိုဗစ်ကပဲ ထပ်မံသွင်းယူခဲ့ပါတယ်။ နည်းပြမော်ရင်ဟိုကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို ကြီးကြပ်ခွင့်မရခဲ့ပါဘူး။

မန်ယူအသင်းဟာ ဒီပွဲအနိုင်ကြောင့် နောက်တဆင့်တက်လှမ်းသွားခဲ့ပြီး အာဆင်နယ်အသင်းကတော့ ဆောက်သမ်တန်ကို ၂ဂိုး ၀ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။

Photo - Phil Noble/Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။