နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သင္ဇာဝင့်ကျော်တစ်ယောက် မြန်မာဝတ်စုံလေးနဲ့ ရိုးရိုး ယဉ်ယဉ်လေး လှလွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ သူမဟာ အနုပညာလောက မှာ အချိန်အတိုင်း အတာတစ်ခုထိ ဖြတ်သန်းပြီး အောင်မြင်မှုတွေလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။ ချစ်စရာကောင်း တဲ့ သူမရဲ့ပုံစံလေးကြောင့် ပရိတ်သတ်တွေက ချစ်ခင် အားပေးကြတာပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ “ ရွှေကြာ ” ဇာတ်ကားကို ပါဝင်ရိုက် ကူးထားပြီး အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်တွေရဲ့ ခံစားချက်တွေကို အပီ အပြင်ချွေချတော့မှာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ 2017 တုန်းက သူမဟာ နာမည်ကျော်မင်းသမီးတစ်ဦးနဲ့ ရုပ်ရှင်ရိုက်ကူးရာမှာ ကတောက်ကဆ တစ်ချို့ဖြစ်ခဲ့ပြီး နားလည်မှုလွဲခဲ့ကြပါသေးတယ်။ ဒီကိစ္စကို ရုပ်ရှင် အစည်းအရုံးက တာဝန်ယူဖြေရှင်းပေးလိုက်တာကြောင့် လက်ရှိမှာတော့ အဆင်ပြေသွား ပြီး ဇာတ်ကားကိုဆက်လက်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေက ပရိတ်သတ်တွေရဲ့အချစ်ကို ပိုမိုတောင်းဆိုနေသလိုပါပဲ။ ချစ်စရာကောင်းတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ပုံရိပ်ဟာ လုံးဝကိုပေါ်လွင်နေတာပဲဖြစ်ပါတယ်။

အပြာရောင်မြန်မာဝတ်စုံလေးနဲ့ သူမက ရိုးရိုးလေးနဲ့လှလွန်းနေပါတယ်။ ချစ်စရာကောင်းတဲ့ မြန်မာဆန်ဆန် မြန်မာမလေး သဉ္ဇာဝင့်ကျော်ရဲ့ပုံရိပ်လေးတွေက မြင်သူတိုင်းချစ်ချင်စဖွယ် လေး ဖြစ်နေတာကြောင့် ပရိတ်သတ်ကြီးလည်း သူမကိုပိုမိုချစ်စေကြောင်း ရည်ရွယ်ပြီး မြန်မာ ဆန်ဆန် ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

Photo – Thin Zar Wint Kyaw’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။