မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်စိတ်ဝင်မှုများစွာနဲ့ အတိုက် အခိုက်များ ကြားကနေ အားမလျော့ပဲ ဆက်လက်ကြိုးစားနေ သူတစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာလည်း အနုပညာ ခြေလှမ်းအသစ်တွေနဲ့ ပရိသတ်တွေ အကောင်းဆုံးကြိုးစား နေတာပဲဖြစ်ပါတယ်။ ယခုတစ်ခေါက်မှာ လည်း ရွှေပိုးအိမ် ဟာသူမငယ်စဉ်က တက်ရောက်ခဲ့တဲ့ ကျောင်းတော်ကြီးရဲ့ အာစရိယပူဇော်ပွဲလေးကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရွှေပိုးအိမ်ကတော့ အ.ထ.က(၂) လသာကျောင်းတော်ကြီးရဲ့ ကျောင်းသူဟောင်းလေးတစ်ယောက်ဖြစ်ပြီး လသာ(၂)ကျောင်းသူ ဟောင်းတစ်ယောက်ဖြစ်တာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလိုက်တာ ပဲဖြစ်ပါတယ်။ ဇန်နဝါရီလ (၇)ရက်နေ့ မနေ့မှာတော့ သူမဟာ လသာ (၂) ရဲ့ ကျောင်းသူဟောင်း တစ်ယောက်အနေနဲ့ (၁၆)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲလေးကို တက်ရောက် လာခဲ့ တာပဲဖြစ်ပါတယ်။သူမရဲ့ လူမှုကွန်ယက်မှာ လည်း “အ.ထ.က (၂)လသာ ကျောင်းသူလေးပါရှင့်”ဆိုတဲ့ စာသားလေးနဲ့ အတူ ကျောင်းအရောက် အမှတ်တရ ပုံရိပ်လေးတွေကို မျှဝေခဲ့ထားတာပဲဖြစ်ပါတယ်။  

အာစရိယ ပူဇော်ပွဲလေးမှာ အနီရောင်ဝမ်းဆက်လေးနဲ့ အရမ်းကိုလှနေခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို မြင်တွေ့ရတာပဲဖြစ်ပါတယ်။ သူမဟာ ကျောင်းတော်ကြီးနဲ့ ဝေးကွာခဲ့တာ ကြာပြီးဖြစ်ပြီး မတွေ့ရတာ ကြာတဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတာ ကြောင့် အရမ်းကိုပျော်ရွှင်နေတဲ့ အမူအရာလေးတွေကို သူမရဲ့ မျက်နှာပေါ်မှာ အတိုင်းသား မြင်တွေ့ရတာ ပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ ရွှေပိုးအိမ်ရဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အတွက် မျှဝေပေး လိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။